အီတလီစူပါဖလားနဲ့ ကိုပါအီတာလီယာဖလားပြိုင်ပွဲတွေဖြစ်ပါတယ်။
Pyae Phyo Thein

ရော်နယ်ဒိုဟာ တစ်ပွဲလုံးပါဝင်ကစားပေးခဲ့ပေမယ့် ဂိုးကန်သွင်းခွင့် ၃ ကြိမ်သာရရှိခဲ့ပြီး တစ်ကြိမ်ဂိုးပေါက်တည့်ခဲ့ပါတယ်။ ပယ်နယ်တီကန်သွင်းရာမှာ ထုံးစံအတိုင်း ရော်နယ်ဒိုက နောက်ဆုံးမှကန်သွင်းဖို့ တာဝန်ယူခဲ့ပါတယ်။


ပေါ်တူဂီအသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်က နာပိုလီကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပြီးနောက် ကစားသမားဘဝပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲ ၂ကြိမ်ဆက်တိုက် အရေးနိမ့်တဲ့ စံချိန်ဆိုးကို ရရှိသွာခဲ့ကာ စိတ်ပျက်စရာမှတ်တမ်းတစ်ခုဖြစ်လာခဲ့ပြီလို့ သိရပါတယ်။ 

မနေ့ညက ကစားခဲ့တဲ့ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲက ပုံမှန်ကစားချိန်အတွင်းမှာ ဂိုးမရှိသရေကျနေခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ဒါဟာ ၁၁ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပြီး ဂျူဗီအတွက် ဒီဘာလာ နဲ့ ဒန်နီလိုတို့ လွဲချော်ခဲ့ကာ နာပိုလီကတော့ ၄ ကြိမ်ကန်သွင်းရာ အားလုံးဝင်အောင်ကန်သွင်းနိုင်ခဲ့လို့ ချန်ပီယံဖြစ်သွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ တစ်ပွဲလုံးပါဝင်ကစားပေးခဲ့ပေမယ့် ဂိုးကန်သွင်းခွင့် ၃ ကြိမ်သာရရှိခဲ့ပြီး တစ်ကြိမ်ဂိုးပေါက်တည့်ခဲ့ပါတယ်။ ပယ်နယ်တီကန်သွင်းရာမှာ ထုံးစံအတိုင်း ရော်နယ်ဒိုက နောက်ဆုံးမှကန်သွင်းဖို့ တာဝန်ယူခဲ့ပါတယ်။ ဒါပေမယ့် အသင်းဖော်တွေလွဲချော်မှု၊ နာပိုလီကစားသမားတွေ အမှားအယွင်းမရှိခဲ့မှုတွေကြောင့် ရော်နယ်ဒိုအနေနဲ့ ကန်သွင်းခွင့်တောင်မရရှိခဲ့ပါဘူး။ 

ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့နှစ်အတွင်းက ကစားခဲ့တဲ့ အီတလီစူပါဖလားဗိုလ်လုပွဲမှာလည်း လာဇီယိိုအသင်းကို အရေးနိမ့်ထားခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဗိုလ်လုပွဲ ၂ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့မှုကို ရော်နယ်ဒို ရင်ဆို်င်ခဲ့ရပြီးတော့ ဒါဟာ ကစားသမားဘဝမှာ ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့ပါတယ်။ ဂျူဗီအနေနဲ့လည်း နောက်ဆုံးနှစ်နှစ်ဆက်တိုက် ကိုပါအီတာလီယာဖလားကို ဆွတ်ခူးနိုင်ခြင်းမရှိတော့တာလည်းဖြစ်ပါတယ်။ 

အသက် ၃၅ နျစ်အရွယ် တိုက်စစ်မှူးဟာ ဂျူဗီနဲ့အတူ အမှတ်ပေးဖလား၊ အီတလီစူပါဖလားတို့ကို ဆွတ်ခူးထားနိုင်ခဲ့ပေမယ့် အီတာလီယာဖလားနဲ့တော့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ဂျူဗီက ကွာတားဖိုင်နယ်အဆင့်ကနေသာ လှည့်ပြန်ခဲ့ရပြီး ဆုဖလားလက်လွှတ်ခဲ့ရပါတယ်။ 


Author


က္က