စပို့တင်းကို အငှားနဲ့ ဒီရာသီအစမှာပဲ သွားကစားနေရတာပါ။

ပီအက်စ်ဂျီကနေ စပို့တင်းလစ္စဘွန်းမှာ အငှားနဲ့သွားကစားနေတဲ့ တိုက်စစ်မှူးဟယ်ဆေးရိုဒရီဂွက်ဇ်ဟာ ပြင်သစ်ကလပ်ရဲ့ ဒီရာသီချန်ပီယံဖြစ်ခဲ့မှုကြောင့် ဆုတံဆိပ်ရရှိတော့မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဟယ်ဆေးဟာ ပီအက််စ်ဂျီအတွက် စုစုပေါင်းမှ တစ်မိနစ်တည်းသာ ကစားပေးခဲ့ရတာဖြစ်ပြီး အဆိုပါကစားပေးခဲ့ရမှုကြောင့် ဆုတံဆိပ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ပြင်သစ်လိဂ်ပြိုင်ပွဲကို ဆက်လက်မကျင်းပဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး ချန်ပီယံအသင်းအဖြစ် ပီအက်စ်ဂျီကို သတ်မှတ်ပေးထားခဲ့ပြီးဖြစ်ပါတယ်။ ဒုတိယနေရာက မာဆေးလ်ကို ၁၂ မှတ်အထိ ပီအက်စ်ဂျီက ဖြတ်တောက်ထားတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ကျန်ရာသီကိုဆက်မကစားဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ တာဝန်ရှိသူတွေက ချန်ပီယံအဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဟယ်ဆေးကတော့ သြဂုတ်လအတွင်းက ကစားခဲ့တဲ့ မက်ဇ်နဲ့ပွဲမှာ လူစားဝင်ကစားပေးခဲ့ပြီး တစ်မိနစ်သာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူက စပို့တင်းလစ္စဘွန်းကို အငှားနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ချန်ပီယံဆုတံဆိပ်ရရှိဖို့အတွက် အနည်းဆုံးငါးပွဲခန့်ပါဝင်ကစားရဖို့ ကန့်သတ်ထားပေမယ့် ပြင်သစ်လိဂ်မှာတော့ အဲဒီလိုကန့်သတ်မထားခြင်းဖြစ်ပါတယ်။

ဟယ်ဆေးဟာ ရီးရဲလ်မက်ဒရစ်မှာလည်း ချန်ပီယံလိဂ်ဖလား ၂လုံး၊ လာလီဂါဖလားနဲ့ ကိုပါဒယ်ရေးတို့ကိုဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း အဆိုပါအောင်မြင်မှုတွေမှာ သူပါဝင်ကစားရမှုက မဆိုသလောက်လေးသာရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းက အောင်မြင်မှုတွေ ရရှိခဲ့လို့ သူပါ ချန်ပီယံအသင်းသားအဖြစ်ပါဝင်ခွင့်ရရှိခဲ့ဖူးတယ်လို့ AS က ဖော်ပြခဲ့တာဖြစ်ပါတယ်။

၂၀၁၆ မှာ ရီးရဲလ်ကနေ ပီအက်စ်ဂျီကို အပြီးသတ်ပြောင်းရွှေ့ခဲ့တဲ့ ဟယ်ဆေးဟာ ပြင်သစ်ကလပ်မှာလည်း ပုံမှန်မကစားရဘဲ စတုတ်၊ လာ့ပါးမက်စ်၊ ရီးရဲလ်ဘက်တစ်တို့မှာ အငှားနဲ့သွားကစားခဲ့ရပါတယ်။ ဒီရာသီမှာအစမှာ ပီအက်စ်ဂျီအတွက် တစ်မိနစ်သာ ကစားခဲ့ရပြီး အငှားနဲ့ ထပ်မံထွက်ခွာခဲ့ရပေမယ့် အဆိုပါပွဲကစားချိန် တစ်မိနစ်ကြောင့် ချန်ပီယံဆုတံဆိပ်ကိုရရှိဦးမှာလည်းဖြစ်ပါတယ်။ 



က္က