ဒီနေ့မှာ ချန်ပီယံလိဂ်ကွာတားပွဲကို ကစားတော့မှာပါ။
Pyae Phyo Thein

အတ္တလန္တာဟာ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ရောက်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


အတ္တလန္တာအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ကွင်းလယ်လူဒီရွန်းက ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ အသင်းအနိုင်ရရှိခဲ့မယ်ဆိုရင် ပရိသတ်တွေအတွက် ပီဇာအခု ၁၀၀၀ ပြုလုပ်ပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ အတ္တလန္တာဟာ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ရောက်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီရာသီမှာလည်း အတ္တလန္တာအသင်းဟာ ခြေစွမ်းပြကစားနေပြီး စီးရီးအေရဲ့ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေခဲ့ကာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်နေရာကိုလည်း ရယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဂက်စ်ပါရီနီရဲ့ ဦးဆောင်မှုအောက်မှာ သတိထားရမယ့် အသင်းတစ်သင်းအဆင့်ကို ရောက်ရှိလာပြီး ပြင်သစ်ထိပ်သီးကလပ်နဲ့ ရင်ဆိုင်ရချိန်မှာ ဘာတွေလုပ်ပြနိုင်မလဲဆိုတာကို ပရိသတ်တွေက စောင့်ကြည့်နေပြီဖြစ်ပါတယ်။ 

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ ဒီရွန်းက "တကယ်လို့ ချန်ပီယံလိဂ်ပွဲစဉ်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် ပရိသတ်တွေအတွက် ပီဇာအခု ၁၀၀၀ ကျော် ပြုလုပ်ပေးသွားမှာပါ၊ ဒါပေမယ့် ကျွန်တော်တို့ရှုံးခဲ့ရင်လည်း နောက်နှစ်မှာ ရည်မှန်းချက်ကိုရောက်ရှိအောင် ကြိုးစားသွားဦးမှာပါ၊ ကျွန်တော်တို့ ဘယ်လိုသွားနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့" လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

ဒီနေ့မှာ ကစားသွားကြတော့မှာဖြစ်ပြီး အတ္တလန္တာအတွက်တော့ သမိုင်းဝင်ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နာမည်ကျော်ကစားသမားအများအပြားပါဝင်နေတဲ့ ပြင်သစ်ကလပ်ဖြစ်နေပြီး အုပ်စုအဆင့်နဲ့ ရှုံးထွက်အဆင့်တွေမှာ တိုက်စစ်အစွမ်းပြခဲ့တဲ့ အီတလီကလပ်က ဘယ်လောက်ထိစွမ်းဆောင်နိုင်မလဲဆိုတာကို မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။ 


Author


က္က