အီလီချစ် ကစားပေးနိုင်ဖွယ်မရှိဘူးလို့ဆိုပါတယ်။
Pyae Phyo Thein

ဒီရာသီမှာ အတ္တလန္တာအသင်းခြေစွမ်းပြနေပြီး စီးရီးအေရဲ့ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ်ရှိနေခဲ့ရာမှာ အီလီချစ်က အဓိကကစားသမားတစ်ဦးအဖြစ်ပါဝင်ခဲ့သူဖြစ်ပါတယ်။


ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ အားထားရတဲ့ကစားသမား အီလီချစ်ပါဝင်နိုင်ဖွယ်မရှိဘူးလို့ အတ္တလန္တာနည်းပြဂက်စ်ပါရီနီက ပြောဆိုလိုက်ပါတယ်။ ပါးမားကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ပြောဆိုခဲ့တာဖြစ်ပြီး အသင်းရဲ့အဓိကကစားသမားဟာ ပွဲစဉ်အမီ ပြန်လည်ကြ့့ံခိုင်လာဖို့ မလွယ်ကူတဲ့အနေအထားမှာရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ 

ဒီရာသီမှာ အတ္တလန္တာအသင်းခြေစွမ်းပြနေပြီး စီးရီးအေရဲ့ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ်ရှိနေခဲ့ရာမှာ အီလီချစ်က အဓိကကစားသမားတစ်ဦးအဖြစ်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဗလန်စီယာနဲ့ကစားခဲ့တဲ့ ၁၆သင်းအဆင့်ပွဲစဉ်မှာလည်း တစ်ပွဲတည်း လေးဂိုးအထိသွင်းယူခဲ့ကာ ခြေစွမ်းပြခဲ့ပြီး စီးရီးအေသွင်းဂိုးကလည်း ၂၃ ဂိုးအထိ ရရှိထားခဲ့သူဖြစ်ပါတယ်။ 

ဒါပေမယ့် အီလီချစ်ဟာ ဇူလိုင်လ ၁၁ ရက်နေ့က ကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ပွဲမှာကတည်းက ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီနဲ့ပွဲကိုလည်း လွဲချော်ဖို့ရှိလာခဲ့တာဖြစ်ပါတယ်။ Sky Sport Italia ကတဆင့် ဂက်စ်ပါရီနီက ပြောဆိုခဲ့ရာမှာ "ရာသီအဆုံးအဖြတ်ဖြစ်လာမယ့်အချိန်မှာ အခုလိုရင်ဆိုင်ရတာက စိတ်ပျက်စရာပါ၊ အဓိကကစားသမားတွေ မပါဝင်နိုင်တဲ့အနေအထားနဲ့ ကြုံတွေ့နေရပါတယ်"

"ဇာပါတာကိုလည်း တစ်လလောက်လက်လွှတ်ခဲ့ရပြီး အခု အီလီချစ်ကိုလည်း ပွဲအများကြီးလက်လွှတ်ခဲ့ရပြီးပါပြီ၊ ချန်ပီယံလိဂ်ပွဲကို သူပြန်ကစားနိုင်ဖို့ကလည်း အခွင့်အရေးနည်းပါးနေပါတယ်၊ သူ အသင့်ဖြစ်ဖို့က ခက်ခဲနေပါတယ်၊ မတူညီကွဲပြားတဲ့ တည်ငြိမ်မှုရဖို့အတွက် ကျွန်တော်တို့ ကောင်းကောင်းအလုပ်လုပ်နေပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော့်ကစားသမားတွေမှာ မတူညီတဲ့အရည်အသွေးတွေရှိနေလို့ပါ" လို့ ပြောခဲ့ပါတယ်။ 


ပီအက်စ်ဂျီအသင်းမှာလည်း အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ဘတ်ပီက အဆိုပါပွဲစဉ်ကိုလွဲချော်မှာဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဖက်အသင်းစလုံးမှာ အားထားရတဲ့ကစားသမားတွေကိုယ်စီမပါဝင်ဘဲ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ 


Author


က္က