သွင်းဂိုးချင်းတူပေမယ့် အခြားအချ်ကတွေမှာ သာလွန်နေခဲ့လို့ပါ။
Pyae Phyo Thein

ဘာပေဟာ ပြီးခဲ့တဲ့ရာသီကလည်း လီဂူးရွှေဖိနပ်ဆုကို ၂၉ ပွဲကစားကာ ၃၃ ဂိုးသွင်းယူပြီး ဆွတ်ခူးထားခဲ့လို့ ၂ နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 


ပီအက်စ်ဂျီအသင်းရဲ့ လူငယ်တိုက်စစ်မှူးကိုင်လီယန်ဘာပေဟာ ဒီနှစ်ဘောလုံးရာသီ ပြင်သစ်လိဂ်ရဲ့ ရွှေဖိနပ်ဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြင်သစ်လိဂ်ကို တရားဝင်ဖျက်သိမ်းခဲ့ပြီးနောက် ချန်ပီယံအသင်းအဖြစ် ပီအက်စ်ဂျီကို သတ်မှတ်ပေးခဲ့ပြီး ဘာပေကိုလည်း ရွှေဖိနပ်ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

ဘာပေဟာ စုစုပေါင်းသွင်းဂိုး ၁၈ ဂိုးနဲ့ မိုနာကိုတိုက်စစ်မှူးဘင်ယက်ဒါနဲ့အတူ ပူးတွဲရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်လီဂူးရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ကြေညာချက်မှာတော့ ဘာပေရဲ့ Open Play ကတဆင့် ဂိုးသွင်းယူခဲ့မှုက ဘင်ယက်ဒါထက် ပိုမိုများပြားသလို ဘင်ယက်ဒါဟာ ပင်နယ်တီသွင်းဂိုး ၃ ကြိမ်အထိ ပါဝင်နေခဲ့တာကြောင့် ဖြစ်တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။

ဒါ့အပြင် ဘာပေဟာ ပွဲပေါင်း ၂ဝသာ ကစားခဲ့ပြီးတော့ ၁၈ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဘင်ယက်ဒါကတော့ ၂၅ ပွဲကစားပြီးမှ သွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။ တတိယနေရာမှာတော့ လိုင်ယွန်တိုက်စစ်မှူးဒမ်ဘီလီက ၁၆ ဂိုးနဲ့ ရှိနေခဲ့ပါတယ်။ ဘာပေဟာ ပြီးခဲ့တဲ့ရာသီကလည်း လီဂူးရွှေဖိနပ်ဆုကို ၂၉ ပွဲကစားကာ ၃၃ ဂိုးသွင်းယူပြီး ဆွတ်ခူးထားခဲ့လို့ ၂ နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအသင်းကလည်း အမှတ်ပေးဇယားမှာ ဒုတိယနေရာက မာဆေးလ်ကို ၁၂ မှတ်အထိ ဖြတ်တောက်ထားခဲ့တာဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ်တွေရဲ့ အနေအထားနဲ့ ပီအက်စ်ဂျီရဲ့ခြေစွမ်းကြောင့်လည်း ရာသီကုန်သည်အထိ ကစားမယ်ဆိုပါက သူတို့အသင်းသာ ဆုဖလားရရှိဖို့ အခွင့်အလမ်းက များပြားနေခဲ့တာဖြစ်ပြီး ချန်ပီယံအဖြစ်သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က