ဒီလိုဖြေဆိုခဲ့မှုကြောင့် စာမေးပွဲကျခဲ့တယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

မေးခွန်းလွှာပေါ်မှာ တိရစ္ဆာန်အမျိုးမျိုးရဲ့ ပုံကိုရေးဆွဲပြထားပြီးတော့ ရှင်းလင်းတဲ့အဖြေကို ဖြေဆိုရမှာဖြစ်ပေမယ့်လည်း ဘလွန်းဒီအောဆုငါးကြိမ်ရကစားသမားရဲ့နာမည်ကို ဖြေဆိုခဲ့မိတယ်လို့ဆိုပါတယ်။


ပြင်သစ်ဘာသာစကား စာမေးပွဲစစ်ဆေးမှုမှာ ဆိတ်သတ္တဝါတစ်ကောင်ရဲ့ ပုံကိုဖော်ပြထားပြီးတော့ မေးခွန်းမေးထားခဲ့ရာမှာ ရော်နယ်ဒိုလို့ ဖြေဆိုခဲ့ပြီးနောက် ကျောင်းသားတစ်ဦးဟာ စာမေးပွဲကျရှုံးခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၁၅နှစ်အရွယ် Ahmed Nabil လို့ အမည်ရတဲ့ ကျောင်းသားတစ်ဦးက ဖြေဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

မေးခွန်းလွှာပေါ်မှာ တိရစ္ဆာန်အမျိုးမျိုးရဲ့ ပုံကိုရေးဆွဲပြထားပြီးတော့ ရှင်းလင်းတဲ့အဖြေကို ဖြေဆိုရမှာဖြစ်ပေမယ့်လည်း ဘလွန်းဒီအောဆုငါးကြိမ်ရကစားသမားရဲ့နာမည်ကို ဖြေဆိုခဲ့မိတယ်လို့ဆိုပါတယ်။ "လွန်ခဲ့တဲ့ ၂နှစ်က ပြုလုပ်ခဲ့တဲ့ ပြင်သစ်စာမေးပွဲပါ၊ ကျွန်တော့်အတွက်တော့ ခက်ခဲတဲ့စမ်းသပ်မှုဖြစ်ခဲ့ပြီးတော့ မေးခွန်းအပိုင်းတစ်ခုက ကျွန်တော်အခုပြသထားတဲ့ တိရစ္တာဆန်တွေရဲ့ အဓိပ္ပာယ်ကို ဖြေဆိုရတာပါ" လို့ သူက Sportbible ကို ပြောဆိုခဲ့ပါတယ်။

"ပြင်သစ်လို ဆိတ်ကို ဘယ်လိုခေါ်လဲဆိုတာ ကျွန်တော်မမှတ်မိဘူး၊ အဲဒါနဲ့ တစ်ခုခုတော့ဖန်တီးဖြေဆိုမှရမယ်လို့ တွေးမိခဲ့ပါတယ်" လို့ သူကထပ်ပြောခဲ့ပါတယ်။ Ahmed Nabil ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်တယ်လို့ ယူဆရပြီး ဒီဖြေဆိုမှုမှာ သူက ရော်နယ်ဒိုကို မက်ဆီထက်ဦးစားပေးခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ 

"ဘယ်သူက G.O.A.T အစစ်အမှန်လဲလို့ မေးလာခဲ့မယ်ဆိုရင် ကျွန်တော်ကတော့ ရော်နယ်ဒိုလို့ပဲပြောမှာပါ၊ ဒါပေမယ့်လည်း ဒါက အသေအချာကြီးတော့မဟုတ်ပါဘူး၊ တခါတလေ မက်ဆီက ပိုကောင်းတယ်လို့ ကျွန်တော်ထင်မိတယ်၊ ဒါက ကျွန်တော်ဘက်လိုက်ခဲ့တာ ဖြစ်နိုင်ပါတယ်၊ ယူနိုက်တက်ကစားသမားက တကယ့်ခမ်းနားတဲ့ကစားသမားပါ" လို့ သူက ပြောခဲ့ပါတယ်။

Ahmed ဟာ သူ့ရဲ့အဖြေလွှာပေါ်မှာ အိုဇေးလ်နာမည်ကိုလည်း ထည့်သွင်းဖြေဆိုခဲ့ပါသေးတယ်။ The Greatest Of All Time လို့ ဆိုလိုတဲ့ G.O.A.T ရဲ့ အဓိပ္ပာယ်ဟာ ဆိတ်ရဲ့ စာလုံးပေါင်းနဲ့ တူညီနေတာဖြစ်ပြီးတော့ မကြာခဏဆိုသလိုလည်း ဘောလုံးလောကအတွင်းမှာ ဒီဟာနဲ့ပတ်သက်ပြီး နောက်ပြောင်မှုတွေရှိခဲ့ဖူးပါတယ်။ 


Author


က္က