ပတ်ဂျီဆန်ကတော့ ၂၀၀၈ ချန်ပီယံလိဂ်ဆုဖလားကို မန်ယူအသင်းနဲ့အတူ ရရှိဖူးပါတယ်။

၂၀၀၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ ၁၈ ယောက်စာရင်းမှာ ပတ်ဂျီဆန်ကို မထည့်သွင်းခဲ့မိတဲ့အပေါ် ဖာဂူဆန်က ဒီကနေ့အထိ နောင်တရနေခဲ့တာပါ။

မန်ယူအသင်းနဲ့အတူ ၂၇ နှစ်တာ နည်းပြဘ၀ ဖြတ်သန်းခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်က သူ့ဘဝမှာ နောင်တရ စရာ ကိစ္စတစ်ခု ပြုမူခဲ့မိတဲ့အပေါ် ထုတ်ဖော်ပြောလာခဲ့တဲ့အကြောင်း Daily Mailက ဖော်ပြလာပါတယ်။



၂၀၀၈ ခုနှစ်က မော်စကိုမြို့မှာ ချဲလ်ဆီးနဲ့ ကစားရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အသင်းရဲ့ အားထားရတဲ့ တောင်ကိုရီးယား လက်ရွေးစင် ကစားသမား ပတ်ဂျီဆန်ကို ဗိုလ်လုပွဲကစားမယ့် ၁၈ ယောက် လူစာရင်းမှာ မထည့်သွင်းမိခဲ့တဲ့အပေါ်မှာ နောင်တရမဆုံး ဖြစ်နေတယ်လို့ ဖာဂူဆန်က ရင်ဖွင့်လာတာပါ။

“လိုအပ်တဲ့အချိန်မှာ တကယ်ကို အရေးပါတဲ့ ကစားသမားပါ၊ သူ့မှာ ခံယူချက်ကောင်းသလို အသင်းကောင်းတစ်သင်းဖြစ်စေခဲ့ပါတယ်။ကျွန်တော့်ရဲ့ မဟာအမှားကတော့ ၂၀၀၈ ဗိုလ်လုပွဲမှာပါ၊ အဲ့အတွက် ဒီကနေ့ထိ နောင်တရနေပါတယ်။သူက အသင်းရဲ့ အဓိက ကစားသမားပါပဲ၊ ဒါကြောင့် ဗိုလ်လုပွဲမှာ ကျွန်တော် ပြဿနာ တက်တော့တာပါပဲ၊ဘယ်သူမှ လူစာရင်းက ချန်လှပ်ခံရဖို့ မထိုက်တန်ခဲ့ပါဘူး။အဲ့တုန်းက ဆိုရင် ဂစ်၊နာနီနဲ့အန်ဒါဆင်တို့ဆိုရင်တောင် အရန်ခုံထိုင်ခဲ့ရပါတယ်။အခုတော့ စည်းမျဉ်းက ၁၁ ယောက်အထိ ထားခွင့်ရှိဖို့ လုပ်ဆောင်နေပါတယ်။”လို့ ဖာဂူဆန်က ပြောခဲ့တာပါ။

ပတ်ဂျီဆန်ကတော့ မန်ယူအသင်းမှာ ချန်ပီယံ ကစားခဲ့တဲ့ လူစာရင်းဝင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ဆုဖလားကိုင်မြှောက်နိုင်ခဲ့ခြင်းမရှိပဲ ပွဲအပြီးမှသာ အသင်းသားအဖြစ်နဲ့ ကိုင်မြှောက်နိုင်ခဲ့တာပါ။

ဒါကြောင့် အာရှသားအဖြစ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကိုယ်တိုင်ပါဝင်ကစားပြီး ကိုယ်တိုင် ကိုင်မြှောက်နိုင်တဲ့ ကစားသမား မရှိသေးတာ ဖြစ်ပြီး ဖာဂူဆန်ကတော့ ပတ်ဂျီဆန်ကို ချန်လှပ်ခဲ့တဲ့အပေါ် ဒီကနေ့တိုင် နောင်တရနေခဲ့တာပါ။

၂၀၀၉ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ထပ်မံ တက်လှမ်းတော့ဘာစီလိုနာနဲ့တွေ့ချိန်မှာ ပတ်ဂျီဆန်ကို ထည့်သွင်းလာပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ မန်ယအသင်းအနေနဲ့ အရေးနိမ့်ခဲ့တာကြောင့် ပတ်ဂျီဆန် အတွက် ချန်ပီယံလိဂ်ဖလားကိုင်မြှောက်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က