loading...

loading...

loading...

အင်တာမီလန်နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ပါက စီးရီးအေစံချိန်သစ်တင်နိုင်မှာပါ။
Win Kyaw Min

SPAL နဲ့ပွဲစဉ်မှာ ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း ၁ဝဝဝပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။

ကစားသမားဘဝ ၁၈နှစ်တာကာလအတွင်း စံချိန်ပေါင်းများစွာရရှိခဲ့တဲ့ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုဟာ SPAL အသင်းကို အနိုင်ရရှိခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ပွဲပေါင်း ၁ဝဝဝပြည့်မြောက်ခဲ့ပြီဖြစ်သလို စီးရီးအေစံချိန်တစ်ခု ကိုလည်း ချိုးဖျက်နိုင်ဖို့အတွက် မျှော်လင့်ချက်အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်တယ်လို့ espn က ဖော်ပြလာပါတယ်။

ဂျူဗင်တပ်အသင်းနည်းပြဆာရီအနေနဲ့ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ် ၂၄မှာ ကစားသမားဖြစ်သူရဲ့ အသက်အရွယ်အရ ကြံ့ခိုင်မှုပိုင်းအတွင် အနားပေးရန်လိုအပ်တယ်လို့ အကြောင်းပြချက်ပေးခဲ့တဲ့အတွက် အနားရခဲ့တဲ့ စီရော်နယ်ဒို အနေနဲ့ SPAL ကိုရင်ဆိုင်ရတဲ့ ပွဲစဉ်ရောက်မှ ကစားခွင့်ရခဲ့သလို အသင်းအတွက်အရေးပါတဲ့သွင်းဂိုးတစ်ဂိုးလ ည်း ရယူသွားနိုင်ခဲ့ပါတယ်။



SPAL နဲ့ပွဲစဉ်မှာ သွင်းဂိုးရရှိခဲ့တဲ့အတွက် စီရော်နယ်ဒိုအနေနဲ့ ပါဝင်ကစားခွင့်ရခဲ့တဲ့ စီးရီးအေပွဲစဉ် ၁၁ပွဲဆက်တို က်ဂိုးသွင်းယူနိုင်သူဖြစ်လာခဲ့ပြီး အရင်စံချိန်တင်ထားတဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူဟောင်းဘာတစ္စတူတာရဲ့စံချိ န်ကို လိုက်မီနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မှတ်တမ်းဖော်ပြမှုတွေကြောင့် စီရော်နယ်ဒိုအနေနဲ့ စီးရီးအေပွဲစဉ် ၂၆အဖြစ်ရင်ဆိုင်ရမယ့် အင်တာမီလန်အသင်း ကိုရင်ဆိုင်ရမယ့် ပွဲစဉ်မှာသာ သွင်းဂိုးထပ်ရရှိခဲ့ပါက ပြိုင်ပွဲရဲ့ ၁၂ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်သူအဖြစ် စံချိန်မှတ် တမ်းသစ်တင်ရှိနိုင်မှာဖြစ်တယ်လို့လည်း ဖော်ပြမှုတွေရှိနေခဲ့တာပါ။

စီးရီးအေပြိုင်ပွဲရဲ့ ၁၁ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်သူတွေအဖြစ် ဖီအိုရင်တီးနားတိုက်စစ်မှူးဟောင်းဘာတစ္စတူတာ က ၁၉၉၄-၉၅ ဘောလုံးရာသီမှာစံချိန်တင်ထားတာဖြစ်ပြီး ဆယ်စုနှစ်၂ခုကျော် ၂၅နှစ်ကြာမှ စီရော်နယ်ဒိုက စံချိ န်ကို လိုက်မီနိုင်ခဲ့တာဖြစ်ပြီး ကျော်ဖြတ်နိုင်ဖို့အတွက်လည်း အခြေအနေကောင်းတစ်ရပ်ကိုပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


loading...

က္က