မိုဗစ်ချ်အတွက် ကစားသမားဘဝရဲ့ ၁၂ခုမြောက် စံချိန်မှတ်တမ်းတစ်ခုလည်းဖြစ်ပါတယ်။
Win Kyaw Min

အီဘရာဟီမိုဗစ်ချ်အနေနဲ့ အေစီမီလန်အသင်းကို ၆လစာချုပ်နဲ့ လာရောက်ကစားနေခဲ့တာပါ။

အေစီမီလန်အသင်းကို တကျော့ပြန်လာရောက်ကစားနေခဲ့တဲ့ ၀ါရင့်တိုက်စစ်မှူးအီဘရာဟီမိုဗစ်ချ်ဟာ အူဒီးနိစ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရခဲ့တဲ့အတွက် ပွဲအရေအတွက်အနည်းဆုံးနဲ့ စီးရီးေ အ နိုင်ပွဲ ၁၅ဝပြည့်မြောက်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်တယ်လို့ as.comကဖော်ပြလာ ပါတယ်။

အီတလီထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်၊ အင်တာမီလန်အသင်းတွေမှာ အောင်မြင်မှုရရှိ ခဲ့ ဖူးပြီး အေစီမီလန်အသင်းမှာလည်း ဒုတိယအကြိမ်မြောက်လာရောက်ကစားနေတဲ့ အေဘရာ ဟီမိုဗ စ်ချ်အနေနဲ့ စီးရီးအေပွဲပေါင်း ၂၂၂ ပြည့်မြောက်ခဲ့တဲ့နေ့မှာပဲ နိုင်ပွဲ ၁၅ဝပြည့်ခဲ့တာလည်းဖြစ်ပါတယ်။



စီးရီးအေနိုင်ပွဲ ၁၅ဝပြည့်မြောက်ခဲ့တဲ့ ကစားသမားများတွင်အင်တာမီလန်ကွင်းလယ်ကစားသမားဟော င်းဖြစ်သူကမ်ဘီယာဆိုက ပွဲ ၂၃ဝနဲ့ စံချိန်တင်ထားခဲ့တာဖြစ်ပြီး အေဘရာဟီမိုဗစ်ချ် က၂၂၂ပွဲနဲ့အခုလို မှတ်တမ်းကို ကျော်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

Opta ရဲ့ဖော်ပြချက်အရ ပွဲအနည်းဆုံးနဲ့ စီးရီးအေနိုင်ပွဲ ၁၅ဝပြည့်မြောက်တဲ့ ကစားသမားစာရင်းတွင်  အေဘရာဟီမိုဗစ်ချ်၊ ကမ်ဘီယာဆိုတို့ရဲ့ နောက်မှာ နာပိုလီတိုက်စစ်မှူးအင်ဆက်ဂ်နီ၊ အင်တာမီလန် ကွင်းလယ်ကစားသမားဟောင်းမိုင်ကွန်၊ အင်တာကွင်းလယ်ကစားသမားအဆာမို့ချ်တို့က အစဉ်လို က်ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။

စီးရီးအေထိပ်သီးအသင်း ၃သင်းလုံးအတွက် ကိုယ်စားပြုကစားခွင့်ရခဲ့တဲ့ အေဗရာဟီမိုဗစ်ချ်အေ နနဲ့ လိဂ်ပွဲ၂၂၂ပွဲပြည့််မြောက်ခဲ့အပြီးမှာ သွင်းဂိုးအရေအတွက် ၁၂၃ဂိုးအထိရှိနေခဲ့ခြင်းကလည်း ကစား သမားဘဝရဲ့ မှတ်တမ်းကောင်းတစ်ခုအဖြစ် ရှိနေခဲ့တယ်လို့လည်း football italia.com ရဲ့ဖော်ပြချက် အရ သိရပါတယ်။


Author


က္က