အသင်းရှုံးပွဲအတွက် နေမာက တော်တော်လေးခံစားနေခဲ့ရပါတယ်။

ဆုလက်ခံရယူဖို့အတွက် နေမာက ငြင်းဆိုခဲ့ပေမယ့် အသင်းဖော်တွေက ၀ိုင်းဝန်းဖျောင်းဖျခဲ့ရပြီး ဆုပေးပွဲအခမ်းအနားကို နေမာက တက်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။


ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာဟာ မျက်ရည်ဖြိုင်ဖြိုင်ကျပြီးတော့ ငိုကြွေးနေခဲ့ရပါတော့တယ်။ ပီအက်စ်ဂျီနဲ့အတူ ပထမဆုံးဥရောပအောင်မြင်မှုကို ရယူနိုင်ဖို့ ရည်မှန်းခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဘိုင်ယန်ကို တစ်ဂိုးတည်းနဲ့ အရေးနိမ့်ခဲ့ပြီးနောက် နေမာက ငိုကြွေးနေခဲ့တာပါ။ 



ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်ထားပြီး အသင်းတိုက်စစ်ပိုင်းကို ဦးဆောင်ကစားနိုင်ခဲ့ပေမယ့်လည်း နေမာကိုယ်တိုင် အပိုင်အခွင့်အရေးကို နူအာရဲ့ဟန့်တားခြင်းခံခဲ့ရပြီး ပီအက်စ်ဂျီတို့ အရေးနိမ့်ခဲ့ရပါတယ်။ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီမှာတော့ နေမာကပြည်တွင်းအောင်မြင်မှုတွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ပွဲအပြီးမှာ နေမာကို ဘိုင်ယန်ကစားသမားတွေက နှစ်သိမ့်ခဲ့ပြီး ကစားသမားကိုယ်တိုင်က ခုံပေါ်မှာထိုင်ကာ ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။ ဆုတံဆိပ်ပေးအပ်စဉ်မှာလည်း နေမာဟာ ဆုဖလားကို ထိပုတ်ခဲ့ပြီးတော့ ကိုင်တွယ်ခွင့်မရတဲ့အတွက်ကြေကွဲနေခဲ့ရပါတယ်။ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဟာ ချေပဂိုးရဖို့အတွက်လည်း မစွမ်းဆောင်နိုင်ခဲ့ဘဲ ရှုံးနိမ့်မှုကိုသာ ရင်ဆိုင်ခဲ့ရပါတယ်။

ပီအက်စ်ဂျီအသင်းဖော်ဖြစ်တဲ့ လီအန်ဒရိုပရီဒက်စ်ကလည်း နေမာနည်းတူ မျက်ရည်ကျခဲ့ပါတယ်။ ဆုလက်ခံရယူဖို့အတွက် နေမာက ငြင်းဆိုခဲ့ပေမယ့် အသင်းဖော်တွေက ၀ိုင်းဝန်းဖျောင်းဖျခဲ့ရပြီး ဆုပေးပွဲအခမ်းအနားကို နေမာက တက်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ဂျာစီကို ခေါင်းပေါ်စွပ်ခဲ့ကာ စိ်တ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီးနောက် ဝမ်းနည်းမျက်ရည်ကျခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က