၂၀၉ ပွဲ ကိုင်တါယ်ပြီးချိန်မှာ ဆုဖလား ၁၁ လုံးအထိ ရရှိခဲ့ပါတယ်။
Pyae Phyo Thein

၂၀၁၉ မတ်လမှာတော့ ရီးရဲလ်နည်းပြအဖြစ် တစ်ကျော့ပြန်ကိုင်တွယ်ခဲ့ပြီး စပိန်စူပါဖလားကို ရယူပေးထားခဲ့ကာ အခုအခါမှာတော့ လာလီဂါဖလားကိုပါ ထပ်မံရယူပေးခဲ့တာဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်ကို လာလီဂါဆုဖလားဆွတ်ခူးပေးနိုင်ခဲ့တဲ့ နည်းပြဇီဒန်းဟာ နည်းပြဘဝမှာ ဆုဖလားပေါင်း ၁၁လုုံးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပွဲပေါင်း ၂၀၉ ပွဲသာ ကိုင်တွယ်ထားရချိန်မှာ ဆုဖလား ၁၁ လုံးအထိ ရရှိခဲ့တာဖြစ်လို့ ပျမ်းမျှအားဖြင့် ပွဲပေါင်း ၁၉ ပွဲ ကိုင်တွယ်ပြီးချိန်တိုင်းမှာ ဆုဖလားတစ်လုံးနှုန်းရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ဇီဒန်းဟာ ရီးရဲလ်နည်းပြအဖြစ် ၂၀၁၆ ဇန်နဝါရီလမှာ စတင်တာဝန်ယူခဲ့ပြီး ၂၀၁၈ မေလမှာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။ အဆိုပါကာလအတွင်းမှာ ချန်ပီယံလိဂ်ဖလားကို ၃ကြိမ်ဆက်တိုက်ရယူပေးနိုင်ခဲ့သလို လာလီဂါဖလားတစ်လုံး၊ စပိန်စူပါဖလားတစ်လုံး၊ ဥရောပစူပါဖလား ၂လုံး၊ ကလပ်ကမ္ဘာ့ဖလား ၂လုံးရရှိအောင် ကိုင်တွယ်ပေးခဲ့ပါတယ်။ 

၂၀၁၉ မတ်လမှာတော့ ရီးရဲလ်နည်းပြအဖြစ် တစ်ကျော့ပြန်ကိုင်တွယ်ခဲ့ပြီး စပိန်စူပါဖလားကို ရယူပေးထားခဲ့ကာ အခုအခါမှာတော့ လာလီဂါဖလားကိုပါ ထပ်မံရယူပေးခဲ့တာဖြစ်ပါတယ်။ ဇီဒန်းအနေနဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့အိမ်ကွင်းမှာ မန်စီးတီးကို အရေးနိမ့်ထားပြီး ဒုတိယအကျော့ကစားရဖို့ရှိနေကာ ချန်ပီယံလိဂ်ဖလားမျှော်လင့်ချက်အနည်းငယ်တော့ရှိနေခဲ့ပါတယ်။ 

ရီးရဲလ်အသင်းသမိုင်းမှာတော့ ဆုဖလားအများဆုံးရယူပေးနိုင်တဲ့ နည်းပြအဖြစ် မီဂွယ်လ်မူနော့ဇ်က ၆၀၅ ပွဲကိုင်တွယ်ခဲ့ကာ ဖလား ၁၄လုံး ဆွတ်ခူးပေးခဲ့ပါတယ်။ ဇီဒန်းအနေနဲ့ အဆိုပါစံချိန်ကို လိုက်မီနို်င်တဲ့အခွင့်အရေးရှိနေပြီးတော့ ပွဲအရေအတွက်အားဖြင့်လည်း အများကြီးကွာဟနေတာကြောင့် သူဟာ ရီးရဲလ်နည်းပြအဖြစ်နဲ့ မှတ်တမ်းကောင်းတွေပိုင်ဆိုင်သူဖြစ်နေခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။ 


Author


က္က