စပိန်လာလီဂါပွဲစဉ်တွေကို တစ်ပတ် ၂ပွဲ ကစားဖို့ ညှိနှိုင်းမှုတွေလည်းရှိနေပါတယ်။

၂၀၁၉-၂၀ လက်ကျန်စပိန်လာလီဂါပွဲစဉ်တွေကို ဇွန် ၁၂ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ သဘောတူထားပြီဖြစ်ပြီး အသင်းတွေအနေနဲ့လည်း လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

လာလီဂါတာဝန်ရှိသူတွေအနေနဲ့ မကြာမီပြန်လည်စတင်တော့မယ့် ပွဲစဉ်တွေအတွင်း မလိုလားအပ်တဲ့ရောဂါကူး စက်မှုများမရှိစေရေးအတွက် ပြိုင်ပွဲကျင်းပရာ ကွင်းအတွင်း ရှိနေရမယ့် အရေအတွက်ကို သတ်မှတ်ပေးခဲ့ပြီး ဦး ရေ ၂ဝဝထက်မကျော်စေရဘူးလို့ သတ်မှတ်ပေးခဲ့ခြင်းကို thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပြိုင်ပွဲကျင်းပရာကွင်းအတွင်း ဇုံ ၃ခုသတ်မှတ်ပေးထားမှာဖြစ်ပြီး အစိမ်းရောင်ဇုံ၊ အပြာရောင်ဇုံနဲ့ အနီရောက်ဇုံအ ဖြစ်ရှိနေမှာဖြစ်သလို ဇုံ ၃ဇုံအတွင်း ကစားသမားနည်းပြအဖွဲ့တွေအပါအဝင် စုစုပေါင်း ၁၉၇ ဦးသာရှိနေစေရမယ် လို့ သတ်မှတ်ချက်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။



အစိမ်းရောင်ဇုံအတွင်း ကစားသမား၊ နည်းပြအဖွဲ့၊ ဒိုင်အဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲအရာရှိများ၊ ပုဂ္ဂလိကလုံ ခြုံရေးဝန်ထမ်းများ၊ ဘောကောက်လူငယ်များအပါအဝင်စုစုပေါင်း၉၄ဦးသာဝင်ရောက်ခွင့်ရရှိမှာဖြစ်ပြီးအပြာ ရော င်ဇုံအတွင်းမှာတော့ ရုပ်သံဝန်ထမ်းများ၊ သက်ဆိုင်ရာအသင်းဝန်ထမ်းများပါဝင်မယ့် ၁၀၃ ဦးတို့ကိုသာကွင်းအ တွင်း ဝင်ရောက်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။

ပြန်လည်ကျင်းပနေပြီဖြစ်တဲ့ ဘွန်ဒက်စ်လီဂါလို ကစားသမားများကို ဥမင်လှှို်င်ခေါင်းအတွင်းကနေထွက်ခွာခွင့်မ ပြုသလို ပွဲမတိုင်မီလက်ဆွဲနှုတ်ဆက်ခြင်းကိုလည်း တားမြစ်သွားဖို့ရှိနေပေမယ့် ကွင်းအတွင်းအောင်ပွဲခံမှုကို တော့ တင်းတင်းကြပ်ကြပ်သတ်မှတ်ပေးဖို့မရှိဘူးလို့လည်း သတင်းဖော်ပြမှုတွေအရ သိရပါတယ်။

အဝတ်အစားလဲခန်းကိုတာဝန် ယူထားသူအနေနဲ့လည်း ပွဲမတိုင်မီ ၃နာရီအလိုကတည်းက ကစားသမားအသုံး ပစ္စည်းအားလုံးကို ပိုးသတ်ခြင်း များလုပ်ဆောင်ရမှာဖြစ်ပြီး ကွင်းအတွင်း ဝင်ရောက်မယ့်သူအားလုံးအနေနဲ့ လ ည်း မျက်နှာဖုံးနှာခေါင်းစည်း၊ လက်အိတ်များ ဝတ်ဆင်ထားဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။



က္က