၃ ပွဲဆက်တိုက် လူစားဝင်ကစားသမားအဖြစ်နဲ့သာ ရှိနေခဲ့ပါတယ်။

ဒီရာသီမှာ ဒေါ့မွန်အတွက် ခြေစွမ်းပြနေတဲ့ ကစားသမားကို ပွဲထွက်လူစာရင်းမှာ မမြင်တွေ့ရတဲ့အတွက် ပရိသတ်တွေကြားမှာလည်း အံ့အားသင့်မှုတွေရှိနေခဲ့ပါတယ်။ 


ဒေါ့မွန်အသင်းရဲ့တောင်ပံကစားသမားဆန်ချိုဟာ ဘွန်ဒက်လီဂါပွဲတွေ ပြန်လည်စတင်ချိန်မှာတော့ အသင်းအတွက်ပွဲထွက်ခွင့်လုံးဝမရရှိခဲ့ဘဲ ကစားခဲ့ပြီးတဲ့ ၃ပွဲစလုံးမှာ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်နေခဲ့ရပါတယ်။ ဒီရာသီမှာ ဒေါ့မွန်အတွက် ခြေစွမ်းပြနေတဲ့ ကစားသမားကို ပွဲထွက်လူစာရင်းမှာ မမြင်တွေ့ရတဲ့အတွက် ပရိသတ်တွေကြားမှာလည်း အံ့အားသင့်မှုတွေရှိနေခဲ့ပါတယ်။ 

ဒီရာသီမှာ ဒေါ့မွန်အတွက် ဘွန်ဒက်လီဂါသွင်းဂိုး ၁၄ ဂိုးသွင်းကာ ၁၆ ကြိမ်အထိ ဆန်ချိုက ဖန်တီးပေးထားခဲ့ပါတယ်။ စုစုပေါင်း ၂၁ပွဲအထိ ပွဲထွက်ပါဝင်ကစားပေးခဲ့သလို မိနစ်ပေါင်း ၁၈၈၈ ကျော်ကစားပေးထားပြီးလည်းဖြစ်ပါတယ်။ ဆန်ချိုအနေနဲ့ ခြေသလုံးဒဏ်ရာရရှိနေတာကြောင့် မပါဝင်နိုင်တာဖြစ်တယ်လို့ ဒေါ့မွန်နည်းပြဖာဘရီက ဖွင့်ဟခဲ့ပါတယ်။

"သူ လေ့ကျင့်ခန်းကောင်းကောင်းမဆင်းနိုင်ခဲ့ပါဘူး၊ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းတာ ၁၀ ရက်ရှိနေခဲ့ပြီး ရှော်လ်ကေးနဲ့ပွဲမှာ မိနစ် ၂၀၊ ဝုလ်ဘတ်နဲ့ပွဲမှာ မိနစ်အနည်းငယ်ကစားပေးခဲ့ပြီး သူကောင်းကောင်းလုပ်ပြနိုင်ခဲ့ပါတယ်၊ သူ ဖြည်းဖြည်းနဲ့မှန်မှန်ပဲ သွားရမှာပါ၊ သူ ပုံမှန်အတိုင်းကစားနိုင်ဖို့ဆိုရင်တော့ အချိန်ယူရပါလိမ့်မယ်၊ အခြားဘာပြသနာမှမရှိပါဘူး" လို့ ဖာဘရီက ပြောဆိုခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

ဆန်ချိုဟာ ဘိုင်ယန်နဲ့ပွဲမှာလည်း ပွဲချိန် ၄၆ မိနစ်မှာမှ ဂျူလီယန်ဘရန့်တ်ရဲ့နေရာကို အစားဝင်ကစားပေးခဲ့ရပါတယ်။ ဒါပေမယ့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး သူ့ရဲ့ပုံစံဟာ ကြံ့ခို်င်မှုမပြည့်ဝသေးတဲ့အနေအထားမှာသာရှိနေခဲ့ပါတယ်။ ပွဲထွက်လူစာရင်းကနေ သူ ချန်လှပ်ခံနေရတာဟာ အပြောင်းအရွှေ့ကိစ္စကြောင့်ဖြစ်မယ်လို့ ယူဆသူတွေရှိနေခဲ့ပါတယ်။

ဒါပေမယ့် ဖာဘရီရဲ့ ပြောဆိုမှုကြောင့် ဒဏ်ရာပြသနာရှိနေတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆန်ချိုကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက အလေးအနက်ထားကြိုးပမ်းနေပြီး ဒေါ့မွန်ကတော့ အနည်းဆုံးပေါင်သန်း ၁၀၀ ရရှိမှသာ ရောင်းချမယ်လို့ အသိပေးထားခဲ့ပါတယ်။ 



က္က