ဘရာဇီးလ်မှာ ၄ ရက်လောက်နေခဲ့ပြီး ပွဲကစားမှလုပ်တဲ့အပေါ် ဒေါသထွက်နေတာပါ။

အာဂျင်တီးနားအသင်းခေါင်းဆောင်ဖြစ်တဲ့ မက်ဆီက သူ့ကစားသမားတွေကို အဲဒီလိုပြုမူရင် အားလုံးကွင်းထဲကထွက်သွားမယ်လို့ ပြန်တုံ့ပြန်ခဲ့ကာ ညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပြီး ပွဲဖျက်ခဲ့ရပါတယ်။


ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကစားရမယ့် ဘရာဇီးလ်နဲ့ အာဂျင်တီးနားပွဲစဉ်ဟာ ဘရာဇီးလ်အာဏာပိုင်တွေရဲ့ ဆိုးရွားလွန်းတဲ့ လုပ်ရပ်ကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ အိမ်ရှင်အဖြစ် ဘရာဇီးလ်က လက်ခံကစားရတာဖြစ်ကာ ပွဲစပြိး ၅ မိနစ်အကြာမှာပဲ အာဂျင်တီးနားကစားသမားတွေကို ဖမ်းဆီးထိန်းသိမ်းဖို့ ဘရာဇီးလ်ရဲတွေနဲ့ ကျန်းမာရေးအာဏာပိုင်တွေက ကွင်းအတွင်းဝင်ရောက်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

အာဂျင်တီးနားကစားသမားတွေဖြစ်တဲ့ ဘွန်ဒီယာ၊ လိုဆယ်ဆို၊ ရိုမဲရို နဲ့ မာတီနက်ဇ်တို့ဟာ အင်္ဂလန်ကနေ အာဂျင်တီးနားအတွက်ကစားပေးဖို့ ပြန်လာခဲ့သူတွေဖြစ်ပါတယ်။ ဒီကစားသမားတွေဟာ ကွာရန်တင်းစည်းမျဉ်းကိုချိုးဖောက်တယ်လို့ စွပ်စွဲခံခဲ့ရပြီး ဖမ်းဆီးခံရမယ့်အခြေအနေအထိကိုပါ ဘရာဇီးလ်က ပြုမူခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဖြစ်တဲ့ မက်ဆီက သူ့ကစားသမားတွေကို အဲဒီလိုပြုမူရင် အားလုံးကွင်းထဲကထွက်သွားမယ်လို့ ပြန်တုံ့ပြန်ခဲ့ကာ ညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပြီး ပွဲဖျက်ခဲ့ရပါတယ်။

ဒီနောက်မှာတော့ မက်ဆီက "ကျွန်တော်တို့ ဒီကိုရောက်နေတာ ၄ ရက်ရှိနေပြီ၊ စရောက်တဲ့နေ့မှာကတည်းက လုပ်ရင်ရရဲ့သားလည်း ဘာမှမလုပ်ခဲ့၊ မပြောဘူး" လို့ ဒေါသတကြီးနဲ့ ပြောဆိုခဲ့ကြောင်း Footmercato က ဆိုပါတယ်။ အာဂျင်တီးနားနည်းပြစကာလိုနီကလည်း "ဟိုတယ်ကို သူတို့ ဘာလို့မလာခဲ့တာလဲ၊ အဖွဲ့ချုပ်ကလည်း ကျွန်တော်တို့ ကစားလို့ရတယ်ဆိုပြီးပြောခဲ့တယ်၊ မရှိတဲ့ပြသနာကို မရှာစမ်းပါနဲ့၊ ဒီကိုရောက်နေတာ ၃ ရက်ရှိနေပြီ၊ ပွဲစတဲ့အချိန်ထိ ဘာလို့စောင့်နေတာလဲ" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကလည်း ဒီပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ အတည်ပြုကြေညာချက်ထုတ်ပြန်ခဲ့ရပါတယ်။ ကွင်းအတွင်း၊ အဝတ်လဲခန်းအတွင်း ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပြီး အာဂျင်တီးနားအသင်းဟာ ချက်ချင်းပဲ လေယာဉ်နဲ့အတူ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်။ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကလည်း "နိုင်ငံတနိုင်ငံချင်းစီရဲ့ ကျန်းမာရေးစည်းကမ်းတွေကို ကျွန်တေ်ာတို့ အပြည့်အဝလေးစားပါတယ်၊ ဒီနေ့ကတော့ ဘောလုံးလောကအတွက် ရှက်စရာပါပဲ၊ အရမ်းဆိုးရွားတဲ့ပုံရိပ်ပါ" လို့ ထုတ်ပြန်ရေးသားခဲ့ပါတယ်။



က္က