ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၆ ကို မေ ၁၆၊ ၁၇ ရက်များမှာ ကျင်းပဖို့ရှိနေတာပါ။
Win Kyaw Min

ဂျာမနီဘွန်ဒက်စ်လီဂါရဲ့ ၂၀၁၉-၂ဝဘောလုံးရာသီ လက်ကျန်ပွဲစဉ်တွေကို မနက်ဖန် မေ ၁၆ရက်မှာ ပြန်လည် ကျင်းပတော့မှာလည်းဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါပွဲစဉ်တွေအတွင်း မလိုလားအပ်တဲ့ ရောဂါပြန့်ပွားမှုများထပ်မံမဖြစ်ပွားစေရေးအတွက် ပရိသတ်မ ပါဘဲကွင်းပိတ်ကစားမှာဖြစ်သလို အသင်းတိုင်းရဲ့ လာဘ်ကောင်(Mascot ) အရုပ်များကိုလည်း ဝင်ခွင့်မပေးဖို့စီစ ဉ်ထားကြောင်း thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။



ဂျာမနီနိုင်ငံအနေနဲ့ အစောပိုင်းကာလများအတွင်း COVID-19 ရောဂါကူးစက်မှုနှုန်းကို လျော့ချနို်င်လို့ နေအိမ်အ တွင်းကန့်သတ်နေထိုင်မှုအား လျော့ပေါ့ပေးခဲ့ပေမယ့် ကူးစက်ခံရသူအရေအတွက် ပြန်များလာခြင်းကြောင့် အခု လို စီစဉ်လုပ်ဆောင်နေခဲ့ရတာလည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုတွေအရ လူကိုယ်တိုင်ပါဝင်ရတဲ့ လာဘ်ကောင်အရုပ်(Mascot)များကို တားမြစ်ခဲ့တဲ့အပြင် အ သင်းအမှတ်တံဆိတ်အဖြစ် အသုံးပြုနေတဲ့တိရစ္ဆာန်အစစ်များကိုပါ ကွင်းအတွင်းဝင်ရောက်ခွင့်မရှိဘူးလို့လည်း သိရပါတယ်။

ကစားသမားအချို့ရောဂါကူးစက်ခံထားရတယ်လို့ အတည်ပြုထုတ်ပြန်ထားတဲ့ ကိုလုံးအသင်းအနေနဲ့လည်း သူ တို့ရဲ့ လာဘ်ကောင်အမှတ်အသားဖြစ်တဲ့ ဆိတ်ကို ကွင်းအတွင်းဝင်ခွင့်မရခြင်းက၁၂နှစ်တာအတွင်းပထမဦးဆုံး ဖြစ်တယ်လို့လည်း အတည်ပြုသွားခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါရဲ့ ထုတ်ပြန်ချက်အရ လက်ရှိစည်းမျဉ်းစည်းကမ်းသစ်များမှာ COVID-19 ကြောင့်ပေါ်ပေါက်လာ တဲ့ အခြေအနေဖြစ်ပေမယ့် ကျန်းမာရေးရှု့ထောင့်အရ မဖြစ်မနေလိုက်နာသင့်တဲ့အနေအထားတစ်ခုဖြစ်လို့ နော က်ပိုင်းမှာလည်း ဆက်လက်အသုံးပြုကျင့်သုံးသွားဖို့ရှိနေတယ်လို့လည်း မှတ်ချက်ပြုမှုအချို့ရှိနေခဲ့ပါတယ်။


Author


က္က