စပါးအသင်းနဲ့ လမ်းခွဲထားတာပါ။

ဘာစီလိုနာအသင်းက အသည်းအသန်း ချိတ်ဆက်ခဲ့သည့်တိုင် ဆီတီယန်ကိုသာ ခေါ်ယူခဲ့ရတဲ့ အဖြေက အခုမှ ပေါ်လာခဲ့တာပါ။

စပါးအသင်းနဲ့ လမ်းခွဲထားတဲ့ အာဂျင်တီးနား လူမျိုး နည်းပြ ပွန်ချက်တီနိုအနေနဲ့ ယခုနှစ် ဘောလုံးရာသီ မကုန်ခင် အခြားအသင်းတစ်သင်းကို ပြောင်းမယ်ဆိုရင် စပါးအသင်းကို နစ်နာကြေး ပေါင် ၁၀ သန်း ပေးလျော်ရမယ့် သဘောတူညီချက်ရှိနေတယ်လို့ Mirror သတင်းဌာနက ဖော်ပြလာပါတယ်။

ပွန်ချက်တီနိုအနေနဲ့စပါးက ထွက်ပြီးကတည်းက ယူနိုက်တက်၊မန်စီးတီး၊ရီးရဲမက်ဒရစ်၊ပီအက်စ်ဂျီ၊ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတွေကို ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်ခဲ့သူပါ။

ဒါပေမယ့်ဒီကနေ့ အထိ ပွန်ချက်တီနို အသင်းလက်မဲ့ ဖြစ်နေခဲ့တာရဲ့ အဖြေက သူ့ကို ခေါ်မယ်ဆိုရင် နစ်နာကြေး အဖြစ် စပါးကို ပေါင် ၁၀ သန်းပေးရဖို့ ရှိနေလို့ အသင်းတွေက လက်လျော့သွားကြတာလားလို့ ထင်မှတ်စရာ ဖြစ်နေခဲ့ပါပြီ။

ဘာစီလိုနာဆိုရင် ပွန်ချက်တီနိုကို အလေးအနက် ချိတ်ဆက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆီတီယန်ကိုသာ ခန့်အပ်ခဲ့တာပါ။

လက်ရှိမှာလည်း ခုံလှုပ်နေတဲ့ ဆိုးလ်ရှားနေရာမှာ ပွန်ချက်တီနိုနဲ့ အစားထိုးဖို့ တောင်းဆိုမှုတွေ ရှိနေသည့်တိုင် ယူနိုက်တက် ဘုတ်အဖွဲ့ကလည်း မခန့်နိုင် ဖြစ်နေပုံထောက်ရင် နစ်နာကြေး ကြောင့်လို့ ယူဆလို့ ရနေပါတယ်။

ပွန်ချက်တီနိုအတွက် နစ်နာကြေး ပေါင် ၁၀ ပေးပြီး ခေါ်မယ့် အသင်းကိုတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရ မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က