ပွဲချိန် (၈၈)မိနစ်မှာ သွင်းယူပေးခဲ့တာပါ။
Pyae Phyo Thein

တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျဖို့ နီးစပ်နေတဲ့အနေအထားမှာ ဂျူဗီက ပယ်နယ်တီရရှိခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက တာဝန်ယူကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ ချီယေဗိုအသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ပယ်နယ်တီလွဲချော်ခဲ့တဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ လာဇီယိုနဲ့ပွဲမှာတော့ အသင်းကို ပယ်နယ်တီသွင်းဂိုးနဲ့ နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။



ရောမကလပ်ဖြစ်တဲ့ လာဇီယိုကွင်းမှာ အနိုင်ရဖို့ ရုန်းကန်နေခဲ့ရတဲ့ ဂျူဗင်တစ်ပ်ဟာ အမ်မရီချန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် အဝေးကွင်းမှာ နိုင်ပွဲရဖို့ တော်တော်လေးကြိုးစားခဲ့ရပါတယ်။ (၅၉)မိနစ်မှာ အမ်မရီချန်က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာ ဖြစ်ပြီး ဂျူဗင်တပ်စ်အတွက် ချေပဂိုးကို ပွဲချိန် (၇၄)မိနစ်မှာမှ ကန်ဆယ်လိုက သွင်းယူပေးနိုင်ခဲ့ပါတယ်။

(၈၈)မိနစ်မှာ ဂျူဗင်တပ်စ်အသင်း ပယ်နယ်တီရရှိခဲ့ပြီး ရော်နယ်ဒိုက အကောင်းဆုံးကန်သွင်းယူကာ ဂျူဗီကို နိုင်ပွဲရစေခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုရဲ့ စီးရီးအေသွင်းဂိုး (၁၅)ဂိုးမြောက် ဖြစ်ပြီး ရွှေဖိနပ်ဆုအတွက် ဦးဆောင်နေတဲ့ ဆမ်ဒိုရီးယား တိုက်စစ်မှူး ကွာဂလီရယ်လာနဲ့

တစ်ဂိုးသာ ကွာဟတော့တဲ့ အနေအထားလည်း ဖြစ်ခဲ့ပါတယ်။

ချီယေဗိုနဲ့ပွဲမှာ ပယ်နယ်တီမဝင်ခဲ့ပေမယ့်လည်း ဂျူဗင်တပ်စ်ရဲ့ ပယ်နယ်တီကန်သွင်းမှုတာဝန်ကို ယူထားတဲ့ ရော်နယ်ဒိုက လာဇီယိုနဲ့ပွဲမှာလည်း ပယ်နယ်တီကန်သွင်းခဲ့တာ ဖြစ်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ဂိုးရအောင် ယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် စီးရီးအေပွဲစဉ် (၂၁)ပွဲ ကစားအပြီးမှာ ဂျူဗီက ရမှတ် (၅၉)မှတ် ရရှိထားခဲ့ပါတယ်။

လက်ရှိအချိန်ထိ ရှုံးပွဲမရှိသေးသလို ဒုတိယနေရာက နာပိုလီကိုလည်း (၁၁)မှတ်အထိ ဖြတ်တောက်ထားနိုင်တာကြောင့် စီးရီးအေဆုဖလားဟာ ဂျူဗင်တပ်စ်အတွက် သေချာပေါက် ရရှိတော့မယ့် ဆုဖလားအဖြစ်လည်း ပိုမိုနီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုအတွက်လည်း သူ့ရဲ့ ပွဲဦးထွက်ရာသီမှာပဲ စီးရီးအေဖလားကို ရယူနိုင်ဖို့ အခြေအနေ ကောင်းနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က