ကွင်းအတွင်းပြေးလွှားခုန်ပေါက်အောင်ပွဲခံခဲ့တာပါ။

ပြီးခဲ့တဲ့ ၂ပွဲမှာ ဂိုးပြတ်နိုင်ပွဲတွေရရှိခဲ့တဲ့ ရိုးမားတို့ ခြေစွမ်းမာကျောတဲ့ ဆာဆူအိုလိုကြောင့် အခက်တွေ့ခဲ့ရပြီး အနိုင်ဂိုးကို နောက်ဆုံးအချိန်မှသာ သွင်းယူနိုင်ခဲ့ပါတယ်။


ရိုးမားက ဆာဆူအိုလိုကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အယ်လ်ရှာဝေးက ပွဲချိန်နောက်ဆုံးမိနစ်မှာ အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ပွဲမှာ ဂိုးပြတ်နိုင်ပွဲတွေရရှိခဲ့တဲ့ ရိုးမားတို့ ခြေစွမ်းမာကျောတဲ့ ဆာဆူအိုလိုကြောင့် အခက်တွေ့ခဲ့ရပြီး အနိုင်ဂိုးကို နောက်ဆုံးအချိန်မှသာ သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုးရရှိအပြီးမှာတော့ ရိုးမားနည်းပြမော်ရင်ဟိုဟာ ကွင်းအတွင်း ကလေးတစ်ယောက်လိုပြေးလွှားအောင်ပွဲခံသွားခဲ့ပါတယ်။ 

နည်းပြဘဝ ပွဲပေါင်း ၁၀၀၀ ပြည့်တဲ့ အမှတ်တရပွဲမှာ မော်ရင်ဟိုအတွက် နိုင်ပွဲရဖို့က အရေးပါနေခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဆာဆူအိုလိုကို အနိုင်ရခဲ့လို့ ၆၃၈ ပွဲအနိုင်ရပြီး ၂၀၅ ပွဲသရေကျကာ ၁၅၇ ပွဲရှုံးနိမ့်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ နောက်ဆုံးမိနစ်တွေမှာ အသင်းအနိုင်ဂိုးသွင်းတိုင်း ကွင်းအတွင်း စိတ်လွတ်ကိုယ်လွတ် အောင်ပွဲခံတတ်တဲ့ မော်ရင်ဟိုရဲ့ ပုံစံကို ပြန်လည်မြင်တွေ့ခဲ့ရတာဖြစ်ပြီး ပရိသတ်တွေ သဘောကျစရာဖြစ်ခဲ့ရပါတယ်။



ပွဲအပြီးမှာတော့ မော်ရင်ဟိုက DAZN နဲ့ အင်တာဗျူးခဲ့ရာမှာ "ဒီတစ်ပတ်အတွင်း အထူးပွဲမရှိခဲ့ဘူးလို့ ကျွန်တော်လိမ်ပြောခဲ့ပါတယ်၊ ဒါပေမယ့် ဒါက အထူးပွဲစဉ်ဖြစ်ခဲ့ပါတယ်၊ ကျွန်တော့်အတွက် ထူးခြားတဲ့ကိန်းဂဏန်းတွေနဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ကျွန်တော့်ရဲ့ ပွဲ ၁၀၀၀ ပြည့်ပွဲကို အမြဲတမ်းသတိရနေမှာပါ၊ အားလုံးကို ကျွန်တော်လိမ်ခဲ့ပါတယ်၊ တကယ်ဆိုရင် ဒီပွဲက ၆ ဂိုးစီသရေ၊ ဒါမှမဟုတ် ၇ ဂိုးစီသရေဖြစ်နိုင်ခဲ့တာပါ၊ ပက်ထရီစီယိိုက အံ့အားသင့်ဖွယ်ကာကွယ်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ကျွန်တော်တို့လည်း လွဲချော်တာတွေရှိခဲ့ပါတယ်"

"ထူးခြားတဲ့ပွဲတစ်ပွဲပါ၊ ဆာဆူအိုလိုနည်းပြကိုတော့ ကျွန်တော်တောင်းပန်ပါတယ်၊ သူတို့က အရမ်းကောင်းတဲ့ပွဲတစ်ပွဲကို ကစားခဲ့တာပါ" လို့ ပြောဆိုခဲ့ပါတယ်။ ရိုးမားကတော့ ၃ ပွဲကစားအပြီးမှာ ၃ပွဲစလုံးအနိုင်ရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ နာပိုလီ၊ အေစီမီလန်တို့နဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်အသာနဲ့ ရပ်တည်နေပါတယ်။ မော်ရင်ဟိုရဲ့ တကျော့ပြန်စီးရီးအေနည်းပြဘဝကတော့ အဖွင့်လှနေခဲ့ပြီး ရလဒ်ကောင်းတွေကို ရယူပေးနိုင်ခဲ့ပါတယ်။



က္က