၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိနေမှာ ဖြစ်ပါတယ်။
Pyae Phyo Thein

အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အာဂျင်တီးနားအကျော်အမော်ဟာ ပရိုကစားသမားဘဝကို ဘာစီလိုနာအသင်းတစ်သင်းတည်းမှာပဲ ကစားပေးနေခဲ့တာလည်းဖြစ်ပါတယ်။ 


ဘာစီလိုနာအသင်းနဲ့ မက်ဆီတို့ဟာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပြီး စာချုပ်ပါအဓိကအချက်အလက်တွေကို သဘောတူညီမှုရရှိခဲ့ပြီလို့့ စပိန်သတင်းစာ Marca က ဖော်ပြသားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဥက္ကဌဘာတိုမြူနဲ့ မက်ဆီရဲ့ဖခင် ဂျော့မက်ဆီတို့ ဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။ 

ကနဦးသဘောတူညီထားခဲ့တဲ့ ၂နှစ်သက်တမ်းရှိတဲ့ စာချုပ်ကို ဘာစီလိုနာက အဆိုပြုခဲ့ပြီးတော့ အာဂျင်တီးနားကြယ်ပွင့်ဟာ ၂၀၂၃ခုနှစ်အထိ နူးကမ့်မှာ ဆက်ရှိနေမယ့် သဘောလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့စာချုပ်မှာတော့ မက်ဆီဟာ ဘောလုံးရာသီတစ်ရာသီကုန်ဆုံးတိုင်းမှာ အသင်းကနေ ထွက်ခွာနိုင်တယ်ဆိုတဲ့ သဘောတူညီချက်ပါဝင်ခဲ့ပါတယ်။ 

အဆိုပါအချက်ကို ဘာစီလိုနာအနေနဲ့ ညှိနှိုင်းဆွေးနွေးခွင့်ရရှိမှာလည်း မဟုတ်ဘူးလို့ သိရပါတယ်။ ဆိုလိုတာကတော့ မက်ဆီကို စာချုပ်နဲ့ ကန့်သတ်ထားမှုမျိုးမရှိစေဘဲ ကစားသမားကိုယ်တိုင်က သူဟာ ထိပ်တန်းအဆင့်မှာ ကစားနိုင်သေးလား၊ ရုပ်ပိုင်းဆိုင်ရာအရ အကောင်းဆုံးဖြစ်နေမလားဆိုတာကို မူတည်စဉ်းစားပြီးတော့ တကယ်လို့ သူ့အတွက် စိတ်တိုင်းကျမှုမရှိတော့ဘူးဆိုရင် အသင်းက ထွက်ခွာခွင့်ပေးရမယ်ဆိုတဲ့ သဘောတူညီမှုဟာ အမြဲတမ်းပါဝင်နေမှာလည်းဖြစ်ပါတယ်။ 

လစာငွေအပိုင်းမှာတော့ မက်ဆီဟာ တိုးမြှင့်ရရှိမှာမဟုတ်ဘဘူးလို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းဘဏ္ဍာရေးပိုင်းထိခိုက်ခဲ့မှုက မက်ဆီကို လစာငွေတိုးမြှင့်ရရှိဖို့ အဟန့်အတားဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် မူလသဘောတူညီထားတဲ့ လစာငွေအတိုင်းသာ ဆက်ရှိနေမှာဖြစ်ပြီး အခြားကျန်ရှိနေတဲ့ အချက်တွေကို သဘောတူနိုင်ဖို့အတွက် ဘာတိုမြူနဲ့ ဂျော့မက်ဆီတို့ ဆွေးနွေးကြဦးမှာဖြစ်ပါတယ်။ 

မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ဆယ်စုနှစ် ၂ခုနီးပါး ကစားပေးထားခဲ့ပြီဖြစ်ကာ အသင်းအတွက် အကြီးမားဆုံးအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အာဂျင်တီးနားအကျော်အမော်ဟာ ပရိုကစားသမားဘဝကို ဘာစီလိုနာအသင်းတစ်သင်းတည်းမှာပဲ ကစားပေးနေခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က