loading...

loading...

loading...

နှာခေါင်းမှာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တာပါ။
Pyae Phyo Thein

မက်ဆီ နဲ့ စမောလင်းတို့ ဘောလုံးယှဉ်အလုမှာ စမောလင်းရဲ့ လက်နဲ့ အရိုက်ခံခဲ့ရတာ ဖြစ်ပြီး မက်ဆီဟာ ကွင်းအတွင်းမှာပဲ ဆေးကုသမှုအနည်းငယ်ခံယူခဲ့ရပါတယ်။


မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်နောက်ခံလူ စမောလင်းနဲ့ ထိခိုက်မိခဲ့ပြီး နှာခေါင်းဒဏ်ရာ ရရှိခဲ့တဲ့ မက်ဆီဟာ ဆေးစစ်ဆေးမှုခံယူရမယ်လို့ ဘာစီလိုနာအသင်းရဲ့ နည်းပြ ဗယ်လ်ဗာဒီက ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီ နဲ့ စမောလင်းတို့ဟာ ဘောလုံးယှဉ်အလုမှာ စမောလင်းရဲ့ လက်နဲ့ အရိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာ ယူနိုက်တက်နဲ့ပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့်လည်း အနိုင်ဂိုးရရှိဖို့အတွက်တော့ ပူးပေါင်းပါဝင်နိုင်ခဲ့ပါတယ်။ ဆွာရက်ဇ် ခေါင်းတိုက်ဂိုးသွင်းဖို့အတွက် မက်ဆီက တိတိကျကျ ပေးပို့နိုင်ခဲ့ပြီး ဆွာရက်ဇ်က ခေါင်းတိုက်သွင်းယူခဲ့ရာမှာ လုခ်ရှောနဲ့ အနည်းငယ်ထိသွားခဲ့ပြီး ဂိုးရရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီး မက်ဆီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုတော့ "မက်ဆီ မသက်မသာတော့ ဖြစ်နေပါတယ်၊ မနက်ဖြန်မှာ သူ့ဒဏ်ရာအခြေအနေက ဘယ်လိုရှိသလဲဆိုတာကို ဆရာဝန်တွေနဲ့ စမ်းသပ်စစ်ဆေးသွားမှာပါ၊ သူက သန်မာတဲ့ ကစားသမား တစ်ယောက်ပါ၊ ဒါပေမယ့် သူ့ ဒဏ်ရာက တော်တော်လေးမြင်သာနေပါတယ်" လို့ ဗယ်လ်ဗာဒီက ဖြေကြားခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

"အိုးထရက်ဖို့ဒ်မှာ ဘယ်လောက်ထိ ဖိအားများလဲဆိုတာ အားလုံးတွေ့ကြမှာပါ၊ ယူနိုက်တက်ကို သူ့အိမ်ကွင်းမှာ အနိုင်ရဖို့က ခက်ခဲပါတယ်" လို့လည်း ဗယ်လ်ဗာဒီက ပြောခဲ့ပါသေးတယ်။ မက်ဆီကတော့ ယူနိုက်တက်နဲ့ အရင် (၄)ကြိမ်တွေ့ဆုံခဲ့မှုမှာ (၂)ဂိုးသွင်းယူနိုင်ခဲ့ပြီး အဆိုပါသွင်းဂိုးတွေဟာ ဗိုလ်လုပွဲအဆင့်မှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အခြားအဆင့်ပွဲစဉ်တွေမှာတော့ ယူနိုက်တက်ကို ဂိုးသွင်းယူဖူးခြင်းမရှိသေးလို့ နူးကမ့်မှာ ကစားမယ့်ပွဲမှာ ဂိုးသွင်းနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မက်ဆီနဲ့ ဘောလုံးယှဉ်လုခဲ့တဲ့ စမောလင်းဟာ မနေ့ကပွဲမှာ ခပ်ကြမ်းကြမ်းကစားဟန်နဲ့ ကစားသွားခဲ့ပြီးတော့ ပြိုင်ဘက်တိုက်စစ်မှူးတွေကို ထိန်းချုပ်သွားခဲ့တာကို တွေ့ရပါတယ်။ စမောလင်းက မက်ဆီနဲ့ ဆွာရက်ဇ်တို့ ဘောလုံးရလာချိန်မှာ ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့လည်း ပွဲချိန်နှောင်းပိုင်းမှာ စမောလင်း အဝါကတ်ထိခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က