ဘောလုံးက မျက်နှာကို ထိသွားခဲ့တာပါ။

ရိုးမားအသင်းနဲ့ မိုချန်ဂလတ်ဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ဟာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ပွဲပြီးဆုံးသွားခဲ့ပြီး ရိုးမားနောက်ခံလူ စမောလင်းရဲ့ အငြင်းပွားဖွယ် လက်ထိဘောကြောင့် နာကျင်အချိန်ပိုမှာ မိုချန်ဂလတ်ဘတ်အသင်းက ချေပဂိုးကို ပင်နယ်တီကနေ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ရိုးမားအသင်းက မိုချန်ဂလတ်ဘတ်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ အငြင်းပွားဖွယ် နောက်ဆုံးမိနစ်မှာ ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့တာဟာ မှားယွင်းပြီး ပေးခဲ့မိတာဖြစ်ကြောင်း ပွဲတာဝန်ရှိသူတွေက ဝန်ခံခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြောင်း Goal ရဲ့ဖော်ပြချက်အရ သိရပါတယ်။



မိုချန်ဂလတ်ဘတ်အသင်းဟာ ကွင်းလယ်ဒိုင်ရဲ့ အမှားကနေ အခွင့်အရေးရရှိသွားခဲ့ပြီး လားစ်စတင်ဒယ်က ၉၅ မိနစ်မှာ ပင်နယ်တီပြစ်ဒဏ်ဘောကို အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့တာကြောင့် ဧည့်သည်မိုချန်ဂလတ်ဘတ်အသင်းဟာ အဝေးကွင်းမှာ သရေ ၁ မှတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ နီကိုလိုဇာနီအိုလိုရဲ့ ပထမပိုင်း ၃၂ မိနစ်မှာ သွင်းယူခဲ့တဲ့ အဖွင့်ဂိုးကြောင့် အနိုင် ၃ မှတ်ပြည့်ရရှိဖို့ သေချာသလောက်ဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲကစားချိန်ပြည့်မြောက်လို့ နာကျင်အချိန်ပို ၄ မိနစ် ထပ်ပေးထားတဲ့အချိန်မှာ ပင်နယ်တီဧရိယာအတွင်း စမောလင်းရဲ့မျက်နှာနဲ့ ဘောလုံးထိသွားခဲ့တာကို ကွင်းလယ်ဒိုင် ဝီလီကယ်လန်က လက်နဲ့ထိတယ်ဆိုပြီး ပင်နယ်တီပေးခဲ့တာဖြစ်ပါတယ်။

“ရိုးမားအသင်းရဲ့ စီမံခန့်ခွဲမှုဌာနဟာ ပွဲအပြီးမှာ ပွဲတာဝန်ရှိသူတွေနဲ့ စကားပြောဆိုခဲ့ပြီး ပွဲတာဝန်ရှိသူတွေက ပင်နယ်တီပေးဖို့ ဆုံးဖြတ်ခဲ့တာဟာ အမှားပြုလုပ်ခဲ့မိတာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်”

“ကျွန်တော်တို့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို လေးစားပြီး သူတို့ရဲ့ စစ်မှန်တဲ့ရိုးသားမှုအတွက် ကျေးဇူးတင်ပါတယ်။ လက်ရှိအချိန်မှာတော့ နောက်ပွဲစဉ်အတွက် ကျွန်တော်တို့ အာရုံစိုက်သွားမှာပါ”လို့ ရိုးမားအသင်းက တွစ်တာမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။



က္က