လက်စွပ်နဲ့ ဗိုက်ကို ကိုင်ထားတဲ့ ဂျော်ဂျီနာရဲ့ ဓါတ်ပုံကြောင့် မေးခွန်းထုတ်မှုတွေရှိလာခဲ့တာပါ။
Win Kyaw Min

လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် အရိပ်အမြွတ်ထုတ်ဖော်ရေးသားခဲ့တဲ့ ဂျော်ဂျီနာရဲ့ ရေးသားမှုများအပေါ် မီဒီယာအများစုက သုံးသပ်ဖော်ပြနေကြတာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုရဲ့ အတူနေချစ်သူ စပိန်မော်ဒယ်လ်ဂျော်ဂျီနာအနေနဲ့ ဒုတိယမြောက်ကိုယ်ဝန် ကိုလွယ်ထားရပြီလို့ သုံးသပ်မှုများထွက်ပေါ်လာခဲ့ပြီး ကမ္ဘာ့ကျော်ကစားသမားအတွက် ပဥ္စမမြောက်ရင်သွေးဖြစ် လာနိုင်ခြေရှိနေပြီလို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

စီရော်နယ်ဒိုအနေနဲ့ လက်ရှိမှာ ရင်သွေး ၄ယောက်ရဲ့ဖခင်ဖြစ်ပြီး အသက် ၁ဝနှစ်အရွယ်ရှိ သားကြီး ခရစ္စတီယာ နိုဂျူနီယာ၊ အမွှာမောင်နှမဖြစ်တဲ့ အီဗာနဲ့မက်တီယိုတို့ရဲ့ မိခင်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် စတုထ္ထမြော က်သမီးဖြစ်သူ မာတီနာကိုတော့ လက်ရှိအတူနေချစ်သူ ဂျော်ဂျီနာနဲ့အတူ ရရှိခဲ့တာလည်းဖြစ်ပါတယ်။



အတူနေချစ်သူ ဂျော်ဂျီနာကိုယ်တိုင်က စီရော်နယ်ဒိုနဲ့အကြား စေ့စပ်ထားပြီးဖြစ်တယ်လို့ အရင်က ငြင်းဆန်ခဲ့ဖူး ပေမယ့် လက်ရှိအချိန်မှာတော့ အဓိပ္ပါယ်အမျိုးမျိုးသက်ရောက်နိုင်တဲ့ မှတ်ချက်မျိုးစုံကို လူမှုကွန်ယက်တွင်ဖော် ပြခဲ့ခြင်းကြောင့် အခုလိုသတင်းတွေထွက်ပေါ်လာခဲ့တာပါ။

ဂျော်ဂျီနာအနေနဲ့ လက်သူကြွယ်တွင် လက်ထပ်လက်စွပ်လို့ယူဆရတဲ့ စိန်လက်စွပ်ကို ဝတ်ဆင်ပြီးစပိန်ဘာသာ စကားနဲ့ “ မင်္ဂလာမနက်ခင်းပါ” လို့ သူ့ရဲ့ အင်စတာဂမ်၊ တွစ်တာတို့တွင် ဖော်ပြခဲ့တာဖြစ်ပြီး “ Baby Girl ” လို့ လည်းရေးသားခဲ့တဲ့အတွက် ပဥ္စမမြောက်ရင်သွေးဖြစ်လာတော့မယ့် သုံးသပ်မှုတွေပိုများလာခဲ့တာပါ။

စီရော်နယ်ဒိုကတော့ သူ့ရဲ့ရင်သွေးတွေနဲ့ပတ်သက်ပြီး ထိပ်တန်းလှို့ဝှက်လေ့ရှိသူဖြစ်ပြီး လက်ရှိအချိန်အထိလဲ သားကြီးခရစ္စတီယာနိုဂျူနီယာ၊ အမွှာမောင်နှမအီဗာနဲ့မက်တီယိုတို့ရဲ့ မိခင်တွေကိုထုတ်ဖော်ပြောဆိုခြင်းမရှိသ လို လက်ရှိသတင်းအခြေအနေအပေါ်တွင်လည်း အီတလီမီဒီယာများရဲ့ မေးမြန်းမှုကို ရှောင်တိမ်းနေဆဲဖြစ်တ ယ်လို့လည်း သိရပါတယ်။


Author

  • Win Kyaw Min

က္က