ပီအက်စ်ဂျီအနေနဲ့ ဘတ်ပီကို ရောင်းထုတ်မှာမဟုတ်ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ ကစားသမားသစ်တွေခေါ်ယူဖို့ ပြင်ဆင်နေခဲ့တာလည်းဖြစ်ပါတယ်။

စီးရီးအေထိပ်သီးအသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းအနေနဲ့ အောင်မြင်မှုတွေကိုဆက်ထိန်းထားနိုင်ဖို့အတွက် က စားသမားသစ်တွေခေါ်ယူအားဖြည့်ဖို့ပြင်ဆင်နေရာမှာ စီရော်နယ်ဒိုရဲ့နေရာအစားထိုးနိုင်မယ့် ကစားသမားသစ် တစ်ဦးကို ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ရှိနေတယ်လို့ TheSun က အခိုင်အမာဖော်ပြလာပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ စီးရီးအေပွဲစဉ် ၉တွင် တန်းတက်လက်ချီအသင်းကို အနိုင်မရရှိခဲ့ပေမယ့်လည်း ဒုတိ ယနေရာကအဓိကပြိုင်ဘက် အင်တာမီလန်အသင်းကလည်း ပါးမားအသင်းနဲ့သရေကျခဲ့တဲ့အတွက် အမှတ်ပေး ဇယားကို ဆက်ပြီးဦးဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။



လက်ရှိသတင်းဖော်ပြချက်တွေအရ ဂျူဗင်တပ်အသင်းအနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လက်ရွေးစင်လူင ယ်တိုက်စစ်မှူးဘတ်ပီကို ခေါ်ယူဖို့အတွက် ချဉ်းကပ်မှုများပြုလုပ်နေခဲ့တာဖြစ်ပြီး အနာဂတ်မှာစီရော်နယ်ဒိုရဲ့နေ ရာမှာ အစားထိုးနိုင်ဖို့အတွက် ပေါင်သန်း ၃၀၀ကျော်အထိအသုံးပြုဖို့ရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ် နေခဲ့တာပါ။

ပီအက်စ်ဂျီအသင်းအနေနဲ့ ဘတ်ပီအတွက် ကမ်းလှမ်းမှုများကို အကြိမ်ကြိမ်ပယ်ချခဲ့သော်လည်း လက်ရှိမှာစပိန် ထိပ်သီးရီးရဲလ်၊ အီတလီထိပ်သီးဂျူဗင်တပ်တို့ရဲ့ အာရုံစိုက်လာမှုများကြောင့် ကစားသမားဖြစ်သူကိုဆက်ထိန်း ထားနိုင်ဖို့ အခက်အခဲတွေရှိလာပြီလို့လည်း သုံးသပ်မှုအချို့ရှိလာပါတယ်။

“ အသင်းအနေနဲ့ အောင်မြင်မှုတွေကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့အတွက် စီမံကိန်းချဆောင်ရွက်နေပါပြီ။ လက်ရှိ အသင်းရဲ့ အဓိက,ကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုလိုကစားသမားမျိုးကို ခေါ်ယူဖို့အတွက်အသင့်ပါပဲ။စီ  ရော်နယ်ဒိုလိုခြေစွမ်းပိုင်ဆိုင်ထားပြီး လူငယ်တစ်ဦးဖြစ်ပါတယ်” လို့ ဂျူဗင်တပ်အသင်းဥက္ကဋ္ဌပါအိုလိုက အရိပ် အမြွတ်ထုတ်ဖော်ပြောဆိုမှုတွေပြုလုပ်ထားခဲ့တာလည်းဖြစ်ပါတယ်။



က္က