လက်ကျန်လာလီဂါပွဲစဉ်တွေကို ဇွန်လဒုတိယရက်သတ္တပတ်မှာ ပြန်လည်ကျင်းပဖို့ရှိနေခဲ့တာပါ။

၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ လာလီဂါသွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ဖို့အခွင့်အရေးရှိနေတဲ့ မက်ဆီအတွက် စံချိန်သစ်တစ်ခုဖြစ်လာမှာလည်းဖြစ်ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီအနေနဲ့ ကစားသမားဘဝရဲ့ ပြိုင်ဘက်တစ်ဦးအဖြစ် အများကသတ်မှတ်ပေးထား တဲ့ စီရော်နယ်ဒိုမရယူနိုင်တော့တဲ့ ပီချီချီဆုကို ရကြိမ်မြောက်အဖြစ်စံချိန်တင်ရယူနိုင်ဖို့အတွက် အခြေအနေကော င်းတစ်ရပ်ကို ပိုင်ဆိုင်နေခဲ့တယ်လို့ as.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပီချီချီဆုဆိုတာ စပိန်လာလီဂါရဲ့ တစ်နှစ်အတွင်း သွင်းဂိုးအများဆုံးကစားသမားတွေကို ချီးမြှင့်လေ့ရှိတဲ့ ဂုဏ်သိ က္ခာအကြီးမားဆုံးဆုတံဆိပ်တစ်ခုဖြစ်ပြီး မက်ဆီအနေနဲ့လက်ရှိမှာ ၆ကြိမ်ရရှိထားသလို စီရော်နယ်ဒိုကတော့ ရီး ရဲလ်ကစားသမားဘဝ ၉နှစ်အတွင်း ၃ကြိမ်သာရရှိခဲ့သူပါ။



စပိန်လာလီဂါသမိုင်းတစ်လျှောက်ပီချီချီဆုကိုအကြိမ်အများဆုံးရရှိထားသူတွေအဖြစ်ဘီလ်ဘာအိုတိုက်စစ်မှူး ဟောင်းတယ်လ်မိုဇာရာနဲ့ မက်ဆီတို့က ၆ကြိမ်ဆီဖြင့် အများဆုံးရရှိထားထားဖြစ်ပြီး လက်ရှိအနေအထားအရ မ က်ဆီက ရကြိမ်မြောက်ရရှိဖို့နဲ့အတူ စံချိန်သစ်ဖြစ်လာဖို့ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

စပိန်လာလီဂါရဲ့ အစဉ်အလာအကြီးမားဆုံးဆုတံဆိပ်တစ်ခုဖြစ်တဲ့ ပီချီချီဆုကို ၁၉၂၉ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာ ဖြစ်ပြီး မက်ဆီအနေနဲ့ ၂၀၀၉-၁၀၊ ၂၀၁၁-၁၂၊ ၂၀၁၂-၁၃၊ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉ ခုနှစ်တွေမှာ ရရှိခဲ့ တာဖြစ်ပြီး စီရော်နယ်ဒိုကတော့ ၂၀၁၀-၁၁၊ ၂၀၁၃-၁၄၊ ၂၀၁၄-၁၅ ဘောလုံးရာသီတွေမှာရရှိခဲ့တာလည်းဖြစ်ပါ တယ်။

လက်ရှိမှာ ၂၀၁၉-၂၀ ဘောလုံးရာသီစပိန်လာလီဂါလက်ကျန်ပွဲစဉ်တွေကို ဆက်လက်ကျင်းပဖို့ရှိနေပြီး ပြိုင်ပွဲပြီး ဆုံးဖို့ ၁၁ပွဲလိုနေသေးတဲ့အချိန်မှာ မက်ဆီက သွင်းဂိုး ၁၉ဂိုးနဲ့အတူ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ထိပ်ဆုံး မှာ ရပ်တည်နေခဲ့ပြီး ဘင်ဇီမာက ၁၄ ဂိုးနဲ့ ဒုတိယနေရာ၊ လီဗန်တေးတိုက်စစ်မှူးမာထရီက ၁၁ဂိုးနဲ့ တတိယနေရာ တို့မှာ အသီးသီးရှိနေခဲ့တာလည်းဖြစ်ပါတယ်။



က္က