ကစားသမားကိုယ်တိုင်က ရွေးချယ်ရခက်နေဆဲဖြစ်ပါတယ်။
Win Kyaw Min

ဘာစီလိုနာနဲ့မက်ဆီအကြား အဆင်မပြေမှုအချို့ရှိခဲ့သော်လည်း လစာငွေပေးချေမှုပိုင်းမှာလည်း ပြဿနာအချို့ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

အီတလီစီးရီးအေထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ အင်တာမီလန်အသင်းအနေနဲ့ မက်ဆီကိုခေါ်ယူလိုနေတယ် ဆိုတဲ့ သတင်းတွေအပေါ် အရိပ်အမြွတ်ဝန်ခံမှုအချို့ပြုလုပ်ခဲ့ပြီး လာမယ့်အပြောင်းအရွှေ့ကာလအတွင်းစိတ်ဝ င်စားမိတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်လာနိုင်တယ်လို့ အတည်ပြုမှုကို footballitalia က ဖော်ပြလာပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ထိပ်တန်းကစားသမားတွေကို ပေးချေရမယ့် လစာငွေများအား လျော့ပေါ့ပေးချေရန် စီစဉ်နေခဲ့ပြီးနောက် မက်ဆီနဲ့အကြား အဆင်မပြေမှုအချို့ရှိလာခဲ့ပြီး အခုလိုသတင်းဖော်ပြမှုတွေဆက်တိုက်ထွ က်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။



TNT Sports ရဲ့ဖော်ပြချက်အရ အင်တာမီလန်အသင်းအနေနဲ့ မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်ေ နခဲ့ပြီး ကစားသမားဖြစ်သူက ရွေးချယ်ခဲ့ရင် အမြဲကြိုဆိုဖို့ရှိနေတယ်လို့ အသင်းပိုင်ရှင်နဲ့ဥက္ကဋ္ဌအကြားအတွင်းသ တင်းအချို့ကို အခို်င်အမာဖော်ပြထားခဲ့တာပါ။

အစောပိုင်းသတင်းထွက်ပေါ်မှုများအရ ဘာစီလိုနာအသင်းနဲ့အကြား နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းဖို့ရှိနေတဲ့ မက်ဆီကို ခေါ်ယူလိုတဲ့အသင်း ၅သင်းရှိနေခဲ့ပြီး ဘာစီလိုနာနည်းပြဂွါဒီယိုလာကိုင်တွယ်နေတဲ့ မန်စီးတီးနဲ့ဥရော ပထိပ်သီးအသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ အင်တာမီလန်တို့က စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ် ခဲ့တာ လည်းဖြစ်ပါတယ်။

နောက်ဆက်တွဲဖော်ပြမှုတွေအရ မက်ဆီကစားသမားဘဝစတင်ခဲ့ရာ နယူးအိုးလ်ဘွိုင်းအသင်းကလည်း ပြန်လ ည်လာကစားပေးဖို့ တောင်းဆိုထားခဲ့သလို အင်တာမီလန်အသင်းကတော့ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုနဲ့ အပြိုင် အောင်မြင်မှုတွေလာယူဖို့ ဖိတ်ခေါ်မှုအချို့ပြုလုပ်ထားတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။


Author


က္က