အီတလီနိုင်ငံမှာ သေဆုံးသူ ၂၃၃ဦးအထိရှိလာခဲ့ပါပြီ။
Win Kyaw Min

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုများကြောင့်အီတလီနိုင်ငံရဲ့ အားကစားပွဲအချို့ရွှေ့ဆိုင်းခဲ့ခြင်းနဲ့အတူစီးရီးအေပြို င်ပွဲအပါအဝင် ပွဲစဉ်တော်တော်များများကိုကွင်းပိတ်ကစားနေရတာလည်းဖြစ်ပါ တယ်။

ဥရောပနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအများဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံရဲ့ စီးရီး-စီအမှတ် ပေးလိဂ်အသင်းတစ်သင်းဖြစ်တဲ့ နိုဗာရာအသင်းတွင် ရောဂါကူးစက်ခံထားရသူများထပ်မံတွေ့ရှိ ခဲ့တ ယ်လို့ football italia ရဲ့ဖော်ပြချက်အရသိရပါတယ်။

သတင်းဖော်ပြမှုတွေအရ နိုဗာရာအသင်းပိုင်ရှင်မာရီယိုဇီယိုအနေနဲ့ စီးပွားရေးကိစ္စဖြင့် ဂျာမနီနိုင်ငံကေ နပြန်လာခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တဲ့အတွက် အသင်းသားတွေကိုလည်း စောင့်ကြည့်မှုတွေပြုလုပ်ဖို့ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။



အစောပိုင်းကာလက စီးရီး-စီအသင်းတစ်သင်းဖြစ်တဲ့ ပီရာနက်စီအသင်းမှာ ရောဂါကူးစက်ခံထားရသူ များတွေ့ရှိခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားနှစ်ဦးနဲ့ အသင်းတာဝန်ရှိသူတွေကူးစက်ခံထားရတယ် လို့ အတည်ပြုချက်ထွက်ပေါ်လာခဲ့ပြီးနောက် နိုဗာရာအသင်းက ရောဂါကူးစက်ခံရတဲ့ဒုတိယမြောက် ပရော်ဖက်ရှင်နယ်အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

“ နိုဗာရာအသင်းပိုင်ရှင်အနေနဲ့ ဂျာမနီအပြန်မှာ ရောဂါကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာ ပါ။ ခရီးကအပြန်မှာ အသင်းသားတွေကို တွေ့ဆုံခဲ့သေးတဲ့အတွက် လက်ရှိမှာအားလုံးကိုစောင့်ကြည့် နေဆဲဖြစ်ပါတယ်။ အသင်းပိုင်ရှင်ကတော့ လက်ရှိမှာ ကုသမှုတွေခံယူနေပြီဖြစ်ပါတယ် ” လို့ နိုဗာရာ အသင်းတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုခဲ့ပါတယ်။

လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး အီတလီပရော်ဖက်ရှင်နယ်ကစားသမားများအဖွဲ့ချုပ်ကလည်း ပြိုင်ပွဲအားလုံးရပ်နားပေးဖို့အတွက် တောင်းဆိုမှုများပြုလုပ်ခဲ့ပြီး ကွင်းပိတ်ကစားဖို့ဆုံးဖြတ်နေမှုတွေကို လည်း အဆုံးသတ်ရဖို့အချိန်တန်ပြီလို့ အီတလီအစိုးရအာဏပိုင်များဆီ တောင်းဆိုမှုအချို့ပြုလုပ်ခဲ့တ ယ်လို့ သိရပါတယ်။


က္က