လူမှုကွန်ရက်ကတဆင့် ဝေဖန်လိုက်တာပါ။

ကိုဗစ်ကြောင့် ပြိုင်ပွဲမနားခင် မတ်လအတွင်းမှာ ဂျူဗင်တပ်နဲ့ ကစားစေခဲ့တာကြောင့် အသင်းရှုံးနိမ့်ခဲ့ပြီး ချန်ပီယံ ဆုကို လက်လွှတ်ဖို့ ဖြစ်ခဲ့ရတဲ့အတွက်နဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့တာပါ။

မတ်လအတွင်းက ဂျူဗင်တပ်အသင်းနဲ့ အရေးပါတဲ့ ပွဲကစားဖို့ စီစဥ်ခဲ့တဲ့ အဆုံးဖြတ်ချက်အပေါ် လူမှုကွန်ရက်မှာ ဝေဖန်ခဲ့တဲ့ အင်တာမီလန်အသင်း ဥက္ကဌကို ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။



အင်တာမီလန် အသင်း ဥက္ကဌက စီးရီးအေဥက္ကဌ ပါအိုလိုဒယ်ပီနိုကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကိုင်တွယ် ဖြေ ရှင်းတာနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တာပါ။

ဝေဖန်ခဲ့တာကတော့ မတ်လအတွင်းမှာ စီးရီးအေ ပွဲတွေကို ဆက်တိုက် ကစားစေခဲ့ခြင်းနဲ့ အထူးသဖြင့် အများ ပြည်သူ ကျန်းမာရေးကို လျစ်လျူရှုခဲ့တဲ့ အပေါ် ဝေဖန်ခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိဂ် မရပ်နားခင် မတ်လ ၈ရက်နေ့မှာ အင်တာမီလန်နဲ့ ဂျူဗင်တပ်တို့ရဲ့ ပွဲစဥ်ကို ကစား စေဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် မကျေမနပ် ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

“မြင်ဖူးသမျှထဲမှာ အကြီးမားဆုံးနဲ့ အမိုက်မဲဆုံး လူရွှင်တော်ဖြစ်လိမ့်မယ်။၂၄နာရီလား၊၄၈နာရီလား ၇ရက်လား နောက်တစ်ဆင့်က ဘာဖြစ်မလဲ?အခုတော့ အားကစားနဲ့ မျှတခြင်းအကြောင်း ပြောနေသေးတာလား?နည်းပြနဲ့ ကစားသမားတွေကို ကာကွယ်မပေးနိုင်တာ ဘယ်လိုလဲ?သူတို့ကို ၂၄နာရီ၇ရက်လုံးကစားဖို့ မေးကြည့်ပါလား? ကျွန်တော်တို့ရဲ့ ဥက္ကဌကြီး ခင်ဗျားရဲ့ လုပ်ဆောင်ချက်တွေအပေါ် ရှက်မိပါတယ်။ဒီအချိန်က တာဝန်ယူရမယ့် အချိန်ပါပဲ။ဒါကကျွန်တော်တို့ ၂၀၂၀မှာ ဘာလုပ်လဲဆိုတာနဲ့ ဆိုင်ပါတယ်။ကမ္ဘာပေါ်မှာ လူတိုင်း ဘယ်အသင်း ပရိသတ်မှ မဟုတ်ရင် ဘာမှ မဖြစ်ပါဘူး။အားလုံး ဘေးကင်းကြပါစေ။ဒါက သင်နဲ့ သင့်မိသားစု၊ပတ်ဝန်းကျင် အတွက် အကောင်းဆုံးပါ။”လို့ အင်တာမီလန်အသင်း ဥက္ကဌ က တွစ်တာကတဆင့် ဝေဖန်ခဲ့တာပါ။

အင်တာမီလန်အသင်းအနေနဲ့ ဂျူဗင်တပ်နဲ့ ကစားခဲ့တဲ့ အဆိုပါပွဲမှာ ၀-၂နဲ့ ရှူံးနိမ့်ခဲ့ပြီး ရာသီအသိမ်းမှာတော့ အဆင့် ၂နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ လူမှုကွန်ရက်ကတဆင့် ဝေဖန် ပြစ်တင်ခဲ့တဲ့ အင်တာမီလန်အသင်း ဥက္ကဌကို ယူရို ၈၀၀၀နဲ့ ကလပ်အသင်းဖြစ်တဲ့ အင်တာမီလန်အသင်းကို ယူရို ၅၀၀၀ ဒဏ်ရိုက်ခဲ့တာပါ။

အင်တာမီလန်အသင်း ဥက္ကဌဟာ လက်ရှိမှာ အသက် ၂၈နှစ်သာရှိသေးတဲ့အတွက် အင်တာမီလန်အသင်း သမိုင်းမှာ အသက်အငယ်ဆုံး ဥက္ကဌ ဖြစ်လာပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က