မတ်လ ၁၄ရက်ကတည်းက ပွဲတွေ ရပ်နားထားတာပါ။

အီတလီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံး နိုင်ငံ အဖြစ် ရှိနေပြီး သေဆုံးသူ ၇၅၀၃ဦး ရှိနှင့်ပြီလို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ရပ်နားထားရတဲ့ အီတလီ စီးရီးအေပွဲတွေကို လာမယ့် ဇူလိုင်(သို့)သြဂုတ်လ ထဲမှာ ပြန်လည်ကျင်းပနိုင်လိမ့်မယ်လို့ စီးရီးအေ ဥက္ကဌ ဂါဘရီလီဂါဗီနာက မျှော်လင့်နေတဲ့အကြောင်း Sporskeeda သတင်းဌာနက ဖော်ပြလာပါတယ်။



စီးရီးအေ ကလပ်အသင်း ဥက္ကဌတွေနဲ့ အချေအတင် ဆွေးနွေးဆုံးဖြတ်ကြတဲ့ ပြန်စရင်ကောင်းမလား၊လုံးဝ ဖျက်သိမ်း လိုက်မလားဆိုတဲ့အပေါ်မှာတော့ စီးရီးအေ ဥက္ကဌက အလျော့မပေးပဲ ဒီနှစ်ထဲမှာ ပြန်စနိုင်ဖို့ မျှော်လင့် နေတာပါ။

“ကျွန်တော် တတ်နိုင်သလောက် မျှော်လင့်ချက်တွေ စွန့်လွှတ်မှာ မဟုတ်ပါဘူး၊လုပ်နိုင်စွမ်းတာ အကုန်လုပ်မှာပါ။ အခုချိန်မှာ အနည်းငယ်လိုသေးပေမယ့် မျှော်လင့်ထားရပါမယ်။”လို့ ဂါဗီနာက ပြောလာတာပါ။

အီတလီက ကမ္ဘာပေါ်မှာ ကူးစက်ပျံ့နှံ့မှု အများဆုံး နိုင်ငံ ဖြစ်နေတာသလို သေဆုံးသူ ဦးရေကလည်း အဆမတန် မြင့်မားလျက်ရှိနေပါတယ်။

ဒါကြောင့် ဒေသတွင်းက အားကစားပြိုင်ပွဲအားလုံးကိုအစောဆုံး ပိတ်သိမ်းခဲ့သလို လက်ရှိမှာလည်း အစောဆုံး ပြန်စနိုင်မယ့် အချိန်က ၇လ(သို့)၈လပိုင်းလောက်မှသာခန့်မှန်းထားနိုင်သေးတာပါ။

အခြားသော လိဂ်တွေက‌တော့ နောက်အကျဆုံးအဖြစ် လက်ရှိအချိန်မှာ ဧပြီ ၃၀ အထိသာ ဘောလုံးပွဲတွေ ရပ်နား ထားတယ်လို့ ကြေညာထားပါသေးတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က