ဘိုလော့ဂ်နာ၊ လက်ချီ၊ ဂျီနိုအာတို့ကို သွင်းယူခဲ့တာပါ။
Pyae Phyo Thein

ကိုပါအီတာလီယာဖလားဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာ ဂိုးပေါက်ပျောက်ခဲ့တဲ့ သူတို့နှစ်ဦးဟာ စီးရီးအေမှာတော့ ဆက်တိုက်ဂိုးသွင်းယူနေတာဖြစ်ပါတယ်။ 

ဂျူဗင်တပ်စ်အသင်းတိုက်စစ်အတွဲဖြစ်တဲ့ ရော်နယ်ဒို နဲ့ ဒီဘာလာတို့ဟာ မနေ့ညက ကစားခဲ့တဲ့ ဂျီနိုအာနဲ့ပွဲမှာ တစ်ဂိုးစီအသီးသီးသွင်းယူခဲ့ကြပြီးနောက် စီးရီးအေ ၃ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ကြပြီဖြစ်ပါတယ်။ ကိုပါအီတာလီယာဖလားဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာ ဂိုးပေါက်ပျောက်ခဲ့တဲ့ သူတို့နှစ်ဦးဟာ စီးရီးအေမှာတော့ ဆက်တိုက်ဂိုးသွင်းယူနေတာဖြစ်ပါတယ်။ 

ဘိုလော့ဂ်နာ၊ လက်ချီ နဲ့ ဂျီနိုအာတို့နဲ့ပွဲတွေမှာ ဂိုးတွေဆက်တိုက်သွင်းယူခြဲ့့ပီးနောက် ဒီဘာလာက ဒီရာသီစီးရီးအေသွင်းဂိုး ၁၀ ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ရော်နယ်ဒိုကတော့ ၂၄ ဂိုးအထိ ရရှိခဲ့ပြီဖြစ်ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ သူတို့နှစ်ဦးနဲ့ပတ်သက်ပြီး နည်းပြဆာရီက အပြောင်းအလဲတချို့ပြုလုပ်ခဲ့ပြီးနောက်မှာ အခုလိုဂိုးတွေဆက်တိုက်ရရှိနေခဲ့တာဖြစ်ပါတယ်။ 

"လှုပ်ရှားမှုတွေမှာ တစ်ခုခုပြောင်းလဲသွားခဲ့ပြီဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဒီထက်ပိုပြီးတော့ အတွဲမိဖို့ ကြိုးစားရဦးမှာပါ၊ တစ်ဦးနဲ့တစ်ဦးကို အကျိုးကျေးဇူးရှိစေခြင်းနဲ့ နှစ်ယောက်စလုံးအတွက် အကျိုးကျေးဇူးတွေရရှိမယ်ဆိုတာကို သူတို့သဘောပေါက်သွားပါပြီ၊ ဒါက လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ကျွန်တော်လည်း သတိပြုမိခဲ့ပါတယ်" လို့ ပွဲအပြီးမှာ ဆာရီက Sky Sports ကို ပြောဆိုခဲ့ပါတယ်။ 

ရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့နှစ်ပွဲမှာ ပယ်နယ်တီတွေကနေတဆင့်သာ ဂိုးရရှိခဲ့ပေမယ့်လည်း ဒီနေ့ပွဲမှာတော့ ၂၂ ကိုက်အကွာကနေ ကန်သွင်းယူခဲ့ရာမှာ ဂိုးတိုင်အပေါ်ထောင့်ကို တန်းတန်းမတ်မတ်ဝင်ရောက်ခဲ့ပါတယ်။ ဂျူဗီအတွက် နောက်တစ်ဂိုးကိုတော့ ဒေါက်ဂလပ်စ်ကော်စတာက သွင်းယူပေးခဲ့ပြီးတော့ ၃-၁ နဲ့ ဂျူဗင်တပ်စ်က အနိုင်ရရှိခဲ့ပြီး လာဇီယိုကို လေးမှတ်အထိဖြတ်တောက်ထားနိုင်ဆဲဖြစ်ပါတယ်။ 


Author


က္က