loading...

loading...

loading...

အေစီမီလန်ကို ၄-၂ နဲ့ နိုင်ခဲ့တာပါ။
Kyaw Ko Ko Sint

ဂျူဗင်တပ်အသင်းရဲ့ အရှုံးကို အခွင့်ကောင်းရယူနိုင်ခဲ့လို့ ရမှတ်တူ အနေအထားမှာ ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရလာတာပါ။

မီလန်ဒါဘီမှာ အနိုင်ရပြီး အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရလိုက်ပေမယ့် စီးရီးအေဆု ပြိုင်ပွဲအတွက် အရာအား လုံးက ဂျူဗင်တပ်အသင်းအပေါ်မှာသာ မူတည်နေတယ်လို့ အင်တာမီလန် အသင်းရဲ့ နည်းပြ ကွန်တီက ထုတ်ဖော်ပြောလာခဲ့တယ်လို့ Sportskeeda သတင်းဌာနကဖော်ပြလာပါတယ်။

မနေ့ကညက မီလန်ဒါဘီအဖြစ် ကစားခဲ့တဲ့ပွဲမှာ အင်တာမီလန်က အရှုံးကနေ လိုက်ကစားပြီး ပွဲအပြီးမှာ ၄-၂ နဲ့ အနိုင်ရခဲ့တာကြောင့် ဗီရိုနာကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ဂျူဗင်တပ်အသင်းနဲ့ ရမှတ်တူ အနေအထားနဲ့ အမှတ်ပေးဇယား ကိုဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်လိုက်တာပါ။

“အခြေအနေအားလုံး ဂျူဗင်တပ်အသင်းလက်ထဲမှာပဲ၊အင်တာမီလန်မှာ မရှိပါဘူး။ဘာနဲ့တူလဲဆိုတော့ အတ္တလန္တာ တို့ ရိုးမားတို့လို လာဇီယိုတို့လိုပဲ ကျွန်တော်တို့ အင်တာမီလန်က မျှော်လင့်ရတဲ့ အနေအထားမှာပဲ ရှိပါတယ်။”လို့ ကွန်တီက နှိမ့်ချပြောဆိုလာတာပါ။

လက်ရှိအချိန်မှာလည်း ဂျူဗင်တပ်အသင်းက စီးရီးအေကို ၈ နှစ်ကြာ တစ်ဦးတည်း စိုးမိုးထားနိုင်သူအဖြစ် ရပ်တည် နေတာလည်း ဖြစ်ပါတယ်။

“တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ချန်ပီယံ တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောချင်ပါတယ်။ တစ်ခု အရိုးသားဆုံးပြောရရင် ကျွန်တော်တို့မှာ အားသာချက်က ကြီးကြီးမားမား ဒဏ်ရာပြဿနာ မရှိတာပါ။”လို့လည်း ကွန်တီက ပြောလာပါသေးတယ်။

လက်ရှိမှာတော့ အင်တာမီလန်နဲ့ဂျူဗင်တပ်အသင်းတို့က ရမှတ် ၅၄ မှတ်ချင်းတူညီနေပေမယ့် အင်တာမီလန်အသင်းက ဂိုးကွာခြားချက် ၇ ဂိုးအသာနဲ့ အဆင့်၁ နေရာကို လွှဲပြောင်းရယူလိုက်နိုင်တာပါ။

နောက်တစ်ပတ်မှာတော့ အင်တာမီလန်က နာပိုလီနဲ့ကစားရမှာဖြစ်ပြီး ဂျူဗင်တပ်က အေစီမီလန်နဲ့ ကစားရမှာ ဖြစ်လို့ နှစ်သင်းစလုံးအတွက် ခက်ခဲဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ


loading...

က္က