ရူအီကော်စတာကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်ခဲ့တာပါ။
Pyae Phyo Thein

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ ဘိုလော့ဂ်နာနဲ့ပွဲမှာ ပယ်နယ်တီကတဆင့် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ပေါ်တူဂီနာမည်ကျော်ကစားသမားဟောင်း ရူအီကော်စတာရဲ့ စီးရီးအေဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ စံချိန်ကို ကျော်ဖြတ်သွားနိုင်ခဲ့ပြီလို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ပထမပို်င်းမှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး ဒီဘာလာက နောက်ထပ်တစ်ဂိုးထပ်သွင်းယူပေးခဲ့လို့ ဂျူဗီတို့ နိုင်ပွဲရရှိခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဂျူဗီဟာ အမှတ်ပေးဇယားမှာ လေးမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပြီး လာဇီယိုရဲ့ ဖိအားပေးမှုတွေကို တုံ့ပြန်နိုင်ခဲ့သလို ကိုပါအီတာလီယာရှုံးပွဲကနေလည်း နိုးထလာခဲ့ပါတယ်။ 



ဒီဂိုးဟာ ရော်နယ်ဒိုအတွက် စီးရီးအေ ၂၂ဂိုးမြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက သွင်းယူနိုင်ခဲ့တဲ့ ၂၁ဂိုးထက် ကျော်လွန်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ စီးရီးအေသွင်းဂိုးစုစုပေါင်း ၄၃ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ကာ ဖီအိုရင်တီးနားနဲ့ အေစီမီလန်ကစားသမားဟောင်း ရူအီကော်စတာကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ အဆိုပါမှတ်တမ်းကို ၂ နှစ်အတွင်းမှာပဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရူအီကော်စတာကတော့ စီးရီးအေမှာ ဆယ်စုနှစ်တစ်ခုကျော် ကျင်လည်ခဲ့တဲ့ ကွင်းလယ်ကစားသမားဖြစ်ပြီး ဖီအိုရင်တီးနားအတွက် ၃၈ ဂိုး၊ အေစီမီလန်အတွက် ၄ ဂိုးသွင်းယူပေးခဲ့ကာ စီးရီးအေသွင်းဂိုးအများဆုံးရရှိထားတဲ့ ပေါ်တူဂီကစားသမားအဖြစ် ရပ်တည်နေခဲ့ပြီး ရော်နယ်ဒိုရဲ့ ကျော်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်ပါတယ်။ 

ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် နဲ့ ဗိုလ်လုပွဲတွေမှာ ဂိုးပေါက်ပျောက်ခဲ့တဲ့ ရော်နယ်ဒိုဟာ ပြန်လည်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ပထမဆုံးအကြိမ် ဂိုးပြန်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဂိုးပေါက်ပျောက်နေလို့ ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်နေရတဲ့ ရော်နယ်ဒိုဟာ နည်းပြဆာရီနဲ့လည်း ဆွေးနွေးမှုတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က