ဘရက်စီယာတစ်သင်းတည်းကိုသာ မသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

ဒီရာသီ စီးရီးအေမှာကစားနေတဲ့ ပြိုင်ဘက်အသင်းပေါင်း ၁၉ သင်းထဲမှာ သူ ဂိုးမသွင်းယူနိုင်တဲ့အသင်းက ဘရက်စီယာတစ်သင်းတည်းသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။


လက်ချီကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂျူဗီအတွက် အနိုင်ဂိုးတစ်ဂိုးကို ပယ်နယ်တီက သွင်းယူပေးခဲ့ပြိးနောက်မှာ ရော်နယ်ဒိုဟာ သူရင်ဆိုင်ဖူးတဲ့ စီးရီးအေ ၂၁သင်းမှာ အသင်းပေါင်း ၂၀ အထိကို ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီ စီးရီးအေမှာကစားနေတဲ့ ပြိုင်ဘက်အသင်းပေါင်း ၁၉ သင်းထဲမှာ သူ ဂိုးမသွင်းယူနိုင်တဲ့အသင်းက ဘရက်စီယာတစ်သင်းတည်းသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။

ဒီရာသီမှာ ဂျူဗီက ဘရက်စီယာကို နှစ်ကျော့စလုံးအနိုင်ရရှိခဲ့ပေမယ့် အဆိုပါနှစ်ပွဲစလုံးမှာ ရော်နယ်ဒို ပါဝင်ကစားပေးခဲ့ခြင်းမရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ရော်နယ်ဒိုဟာ ရင်ဆိုင်ဖူးတဲ့ စီးရီးအေအသင်းတိုင်းကို ဂိုးသွင်းနိုင်မယ့်စံချိန် လက်လွှတ်ခဲ့ရပြီး ဘရက်စီယာအသင်းတစ်သင်းသာ ကပ်ကျန်နေခဲ့တာဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ စီးရီးအေသွင်းဂိုး ၂၃ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်သလို နောက်ဆုံးနှစ်ပွဲဆက်တိုက်လည်း ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကိုပါအီတာလီယာဆီမီးဖိုင်နယ် နဲ့ ဗိုလ်လုပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အမှတ်ပေးပွဲနှစ်ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့သလို အနီးကပ်ပြိုင်ဘက်လာဇီယိုကလည်း ဂျူဗီက ၇ မှတ်အထိ ဖြတ်တောက်ထားနိုင်အောင် ရော်နယ်ဒိုက ကူညီပေးနိုင်ခဲ့ပါတယ်။ 

Opta ရဲ့ မှတ်တမ်းများအရ ရော်နယ်ဒိုဟာ ဂျူဗီအတွက် ပြိုင်ပွဲစုံ ဂိုးပေါင်း ၇၀ အထိ တိုက်ရိုက်ပါဝင်ပတ်သက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ သွင်းဂိုး ၅၅ ဂိုးနဲ့ ဖန်တီးမှု ၁၅ ကြိမ်အထိ ပြုလုပ်ပေးထားခဲ့တာဖြစ်ပြီးတော့ ပေါ်တူဂီကစားသမားတွေထဲမှာ စီးရီးအေသွင်းဂိုးအများဆုံးရရှိထားသူဆိုတဲ့ စံချိ်န်မှတ်တမ်းမှာလည်း နောက်ထပ်သွင်းဂိုးတစ်ဂိုး ထပ်မံပေါင်းထည့်နိုင်ခဲ့ပြီဖြစ်ပါတယ်။


Author


က္က