အသင်းအားလုံးကတော့ လေ့ကျင့်မှုတွေဆက်လက်ပြုလုပ်နေဆဲပါ။

လေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်သလို ကစားသမားအားလုံးနဲ့ အသင်းတာဝန်ရှိသူဝန်ထမ်းအားလုံးကို စစ်ဆေး မှုတွေပြုလုပ်နေဆဲလည်းဖြစ်ပါတယ်။

အီတလီကျန်းမာရေးဝန်ကြီးက ဘောလုံးအသင်းများအတွင်း ရောဂါပိုးကူးစက်ခံရသူနှုန်းမြင့်တက်လာခဲ့ပါက စီး ရီးအေပွဲစဉ်တွေအားလုံးအလိုအလျောက်ရပ်တံ့သွားနိုင်ကြောင်း အတည်ပြုပြောဆိုခဲ့တဲ့အတွက် ပရိသတ်တွေ အကြား စိုးရိမ်မှုပိုင်းမြင့်တက်နေတယ်လို့ footballitalia ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိမှာ စီးရီးအေအသင်းအားလုံးလေ့ကျင့်မှုများပြန်လည်ပြုလုပ်နေပြီဖြစ်ပေမယ့် ကစားသမားအချို့နဲ့ကွင်း တာဝန်ရှိသူဝန်ထမ်းတွေအကြား ရောဂါပိုးကူးစက်ခံရမှုများရှိလာခဲ့တဲ့အတွက် အချိန်မီထိန်းချုပ်နိုင်ဖို့ခက်ခက်ခဲ ခဲလုပ်ဆောင်နေဆဲလည်းဖြစ်ပါတယ်။



“ မသေချာမှုဆိုတာထက် စိန်ခေါ်မှုတစ်ခုလို့ပဲဆိုရမှာပါ။ ကစားသမားတွေနဲ့အသင်းတွေမှာ ရောဂါပိုးကူးစက်ခံ ထားရသူတွေထပ်တွေ့လာခဲ့မယ်ဆိုရင် ကန့်သတ်စောင့်ကြည့်ရေးအစီအစဉ်က အလိုအလျောက်ရောက်လာမှာ ပါ။ အသင်း ၅သင်းလောက်စောင့်ကြည့်ရပြီဆိုရင် စီးရီးအေပွဲစဉ်တွေလည်း ရပ်တံ့ဖို့ဖြစ်လာနိုင်ပါတယ် ” လို့ အီ တလီကျန်းမာရေးဝန်ကြီးဆမ်ဒရာဇမ်ပါက RadioNapoli နဲ့အင်တာဗျူးအစီအစဉ်မှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဂျူဗင်တပ်ကစားသမားတွေဖြစ်တဲ့ မာတူဒီ၊ ရူဂါနီ၊ ဒီဘာလာတို့ ၃ဦးလုံးမှာ ရောဂါပိုးကင်းစင်ခဲ့ပြီဖြစ်ပေမယ့် ယမ န်နေ့က ထွက်ပေါ်ခဲ့တဲ့သတင်းအရ ဆမ်ဒိုးရီးယား၊ ဖီအိုရင်တီးနားအသင်းတို့ရဲ့ ကစားသမားတွေမှာ ရောဂါကူး စက်ခံထားရပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁ဝဦးအထိရှိနေခဲ့ပြီဖြစ်တယ်လို့လည်း CNN ကဖော်ပြခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာ ရောဂါကူးစက်ခံထားရသူများကြောင့် သီးသန့်ခွဲခြားနေထိုင်ဖို့ စီစဉ်လုပ်ဆောင်နေရခြင်းကြော င့် ကူးစက်ခံရမှုနှုန်းထပ်မံမြင့်တက်လာခဲ့ပါက ကစားသမားအများစုအနေနဲ့ ပွဲကစားမယ့်အစီအစဉ်အား ငြင်းဆ န်ပယ်ချဖို့ ရှိနေခဲ့ကြတယ်လို့လည်း အီတလီပရော်ဖက်ရှင်နယ်ကစားသမားများအစည်းအရုံးက အရိပ်အမြွတ် ထုတ်ဖော်ပြောဆိုမှုများလည်း ပြုလုပ်ထားပါတယ်။



က္က