အလွတ်တည်ကန်ဘောအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံထားရသူပါ။

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ စီးရီးအေသမိုင်းမှာ အလွတ်တည်ကန်ဘော ကန်သွင်းယူရာမှာ ဒုတိယအဆိုးရွားဆုံးကန်သွင်းသူအဖြစ် မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ကြောင်း talkSPORT ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းမှာ အမှတ်ရဖွယ် အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းမှုများစွာ ပြုလုပ်နိုင်ခဲ့သူဖြစ်ပြီး ၂၀၀၈ ခုနှစ်က ပို့စ်မောက်အသင်းနဲ့ပွဲစဉ်မှာ ကန်သွင်းယူခဲ့တဲ့ ဖရီးကစ်ဟာ ရော်နယ်ဒိုရဲ့ အကောင်းဆုံးအလွတ်တည်ကန်ဘောကန်သွင်းမှုတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။




ပြီးခဲ့တဲ့စနေနေ့က ဗီရိုနာနဲ့ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ပွဲစဉ်အပြီးမှာ ခရစ်စတီယာနိုရော်နယ်ဒိုဟာ စီးရီးအေသမိုင်းမှာ ဒုတိယအဆုံးရွားဆုံးဖရီးကစ်ကန်သွင်းသူအဖြစ် တရားဝင်သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကို စတင်ရောက်ရှိခဲ့တဲ့ ၂၀၁၈ ခုနှစ်နွေရာသီကနေ ယနေ့အချိန်အထိ အလွတ်တည်ကန်ဘော ၁၈ ကြိမ် ကန်သွင်းခဲ့ရာမှာ ၁၈ ကြိမ်စလုံး ဂိုးရရှိခဲ့ခြင်းမရှိဘဲ ၂၁ ကြိမ် ကန်သွင်းရာမှာ ၂၁ ကြိမ်လုံးလွဲချော်ခဲ့တဲ့ ဖရိုစီနုန်း ကွင်းလယ်ကစားသမား ကမီလိုစီယာနိုရဲ့နောက် ဒုတိယအဆိုးရွားဆုံး ဖရီးကစ်ကန်သွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။



ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းမှာတုန်းကလည်း ဂိုးရရှိဖို့ ပိုမိုအကျိုးပြုနိုင်မယ့် အသင်းဖော်တွေကို အလွတ်တည်ကန်ဘော ကန်ခွင့်မပြုခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရဖူးသူဖြစ်ပြီး လက်ရှိအချိန် တူရင်မှာလည်း အလားတူအခြေအနေမျိုး ထပ်မံဖြစ်ပျက်နေတာဖြစ်ပါတယ်။

ဂျူဗင်တပ်ကွင်းလယ်ကြယ်ပွင့် ပီယာနစ်ဟာ စီးရီးအေမှာ ဘောလုံးကို လည်ပတ်ခြင်းမရှိအောင် ကန်သွင်းနိုင်တဲ့ ဘောလုံးအသေကန်ချက်အထူးပြုကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် ရော်နယ်ဒိုကြောင့် ဒုတိယဦးစားပေး ဖရီးကစ်ကန်သွင်းသူအဖြစ်သာ ရှိနေတာဖြစ်ပါတယ်။



က္က