၂၀၁၅ စက်တင်ဘာ ၂၂ ရက်နေ့နောက်ပိုင်း ပထမဆုံး စီးရီးအေသွင်းဂိုးဖြစ်လာပါတယ်။

နာပိုလီကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဘာလော့တယ်တီအတွက် ရက်ပေါင်း ၁၅၀၀ နီးပါးကြာမှ စီးရီးအေ သွင်းဂိုးတစ်ဂိုးကို ပြန်ရှာဖွေနိုင်ခဲ့တာပါ။

နာပိုလီက ဘရက်စီယာအသင်းကို ၂-၁ နဲ့ အနိုင်ရသွားတဲ့ စီးရီးအေပွဲစဉ်မှာ ဘရက်စီယာ တိုက်စစ်မှူး ဘာလော့တယ်လီက အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုသွင်းပေးခဲ့သူပါ။

ဘာလော့တယ်လီကတော့ စီးရီးအေမှာ နောက်ဆုံးဂိုးသွင်းယူနိုင်ခဲ့တာကတော့ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့က အေစီမီလန်နဲ့အူဒီးနီးစ်တို့ပွဲစဉ်မှာဖြစ်ပါတယ်။



အဲ့ဒီပွဲမှာ အေစီမီလန်က ၃-၂ နဲ့ အနိုင်ရခဲ့ပြီး ဘာလော့တယ်လီက အေစီမီလန်အသင်းအတွက် ဂိုးသွင်းယူပေး ခဲ့တာပါ။


အဲ့နောက်ပိုင်းမှာတော့ ပြင်သစ်ကလပ် မာဆေးလ်နဲ့နိုက်စ်အသင်းတို့မှာ ဆက်လက်ကျင်လည်ခဲ့ပြီး ယခု စီးရီးအေကို တစ်ကျော့ပြန်အဖြစ် ဒီနှစ်မှာမှ စတင်ရောက်ရှိလာခဲ့တာပါ။

ဘာလော့တယ်လီကတော့ ယခင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေအဖြစ် မန်စီးတီး၊လီဗာပူးတို့မှာ ကစားခဲ့ဖူးတဲ့ အီတလီ လက်ရွေးစင် တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ အသက် ၂၉ နှစ်ရှိပါပြီ။

အီတလီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၃၆ ပွဲကစားပေးထားရာမှာ ၁၄ ဂိုးအထိသွင်းယူထားနိုင်ပြီးအခုလို စီးရီးအေ သွင်းဂိုး ပြန်ရဖို့အတွက် ရက်ပေါင်း ၁၄၆၈ ရက်တိတိကြာမြင့်ခဲ့ပါတယ်။




က္က