ဘိုင်ယန်မြူးနစ်အသင်းက အပြီးသတ်မခေါ်ယူခဲ့တာကြောင့် ရီးရဲကို ပြန်လည်ရောက်ရှိလာသူပါ။

ရီးရဲမက်ဒရစ်အသင်းရဲ့အပယ်ခံဖြစ်တဲ့ ကိုလံဘီယာလက်ရွေးစင်ကြယ်ပွင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ နာပိုလီအသင်းကို ယူရိုသန်း ၁၀၀ နဲ့ အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ ၁ နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီလို့ Corriere dello Sport ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ကာလရှည် ၂ နှစ်အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့သူဖြစ်ပြီး ယခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တာကြောင့် ရီးရဲမက်ဒရစ်အသင်းထံ ပြန်လည်ရောက်ရှိနေသူဖြစ်ပါတယ်။

Corriere dello Sport က အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပေမယ့် ၂ သင်းစလုံးကတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးဘဲ တိတ်ဆိတ်နေတာဖြစ်ပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၎င်းရဲ့ဆရာဟောင်းဖြစ်တဲ့ အန်ဆယ်လော့တီနဲ့ ပြန်လည်ဆုံစည်းရတော့မှာဖြစ်ပြီး လစာ၊ လက်မှတ်ထိုးခ၊ ပြောင်းရွှေ့ကြေးစုစုပေါင်းဟာ ပေါင် ၈၉ သန်းကျော် တန်ကြေးရှိတယ်လို့ သိရပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၂၀၁၄ ခုနှစ်မှာ မိုနာကိုအသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ပေါင် ၆၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းအတွက် ၁၁၁ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၃၆ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ယခုနွေရာသီမှာ လူကာဂျိုဗစ်၊ အီဒင်ဟာဇက်၊ ရိုဒရိုင်ဂိုစတဲ့ ကစားသမားတွေ ခေါ်ယူထားတာကြောင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် အသင်းကနေ ထွက်ခွာဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့တာဖြစ်ပါတယ်။


ရီးရဲမက်ဒရစ်အသင်းဟာ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အပြီးသတ်ရောင်းချနိုင်ဖို့ မျှော်လင့်နေပေမယ့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ လစာပမာဏနဲ့ ပြောင်းရွှေ့ကြေးကြောင့် ဝယ်ယူလိုတဲ့အသင်း ရှိမလာသေးတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က