နာပိုလီကြယ်ပွင့်အစား ကွင်းလယ်ခံစစ်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာပါ။

ပီအက်စ်ဂျီအသင်းဟာ လာဇီယိုကွင်းလယ်ကြယ်ပွင့် မီလင်ကိုဗစ်ဆားဗစ်ကို ဂျူဗင်တပ်အသင်းနဲ့အပြိုင် ပေါင် ၈၁ သန်းနဲ့ ကမ်းလှမ်းသွားလိုတဲ့ဆန္ဒရှိနေတယ်လို့ Daily Mail ရဲ့သတင်းအရ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မီလင်ကိုဗစ်ဆားဗစ်ဟာ ပြီးခဲ့တဲ့ရာသီက လာဇီယိုအသင်းအတွက် ခြေစွမ်းပြသဖို့ ရုန်းကန်နေခဲ့ရပေမယ့် ဂျူဗင်တပ်အသင်းရဲ့ စိတ်ဝင်စားမှုကို မလွှဲဖယ်နိုုင်ခဲ့ဘူးလို့ Sky Sports Italia က ဖော်ပြခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ဆာဘီးယားလက်ရွေးစင်ကြယ်ပွင့် မီလင်ကိုဗစ်ဆားဗစ်ကို ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပြီး 24Matin ရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းရဲ့အားကစားဒါရိုက်တာသစ်အဖြစ် ရောက်ရှိလာတဲ့ လီယိုနာဒိုက ဂျူဗင်တပ်ကို စိန်ခေါ်မှုတွေ ပြုလုပ်လိမ့်မယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လက်ရှိအချိန်မှာ နာပိုလီကြယ်ပွင့် အယ်လန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေရာကနေ ကွင်းလယ်ခံစစ်ကစားသမားအတွက် ပေါင် ၈၁ သန်း အသုံးပြုပြီး ကမ်းလှမ်းသွားမယ်လို့ သတင်းတွေက ရေးသားဖော်ပြနေကြပါတယ်။

လီယိုနာဒိုဟာ ယခုလအစောပိုင်းမှာ ဘတ်ပီနဲ့ နေမာတို့ကို ခေါ်ယူခဲ့တဲ့ အန်တီရိုအန်းနရစ်ရဲ့နေရာမှာ အားကစားဒါရိုက်တာအဖြစ် အစားထိုးခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ လီယိုနာဒိုဟာ မီလင်ကိုဗစ်ဆားဗစ်ကို နှစ်သက်သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အေစီမီလန်အသင်းမှာ ရှိခဲ့စဉ်အချိန်အတွင်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ သိရပါတယ်။



က္က