စီးရီးစီရဲ့ အုပ်စု(က)၊ (ခ)၊ (ဂ) အားလုံးဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
Win Kyaw Min

အပြီးသတ်ညှိနှိုင်းမှုများအရ တန်းတက်အသင်းများကို ဆုံးဖြတ်ပေးခဲ့ပြီး တန်းဆင်းအသင်းမရှိဘူးလို့လည်း အ တည်ပြုထုတ်ပြန်သွားခဲ့ပါတယ်။

အီတလီစီးရီးအေပွဲစဉ်တွေကို ပြန်လည်ကျင်းပဖို့ လျာထားသတ်မှတ်ချက်တွေရှိနေခဲ့ပြီဖြစ်ပေမယ့် စီးရီးစီပွဲစဉ်ေ တွကိုတော့ ဆက်လက်ကျင်းပနိုင်ဖို့မဖြစ်နိုင်တော့တဲ့အတွက် ၂၀၁၉-၂၀ ဘောလုံးရာသီ လက်ကျန်စီးရီးစီပွဲစဉ် များအားလုံး ဖျက်သိမ်းခဲ့ပြီဖြစ်တယ်လို့ အတည်ပြုသတင်းထုတ်ပြန်မှုကို footballitalia က ဖော်ပြလာပါတယ်။

COVID-19 ကို အဆိုးရွားဆုံးခံစားခဲ့ရတဲ့ အီတလီနိုင်ငံအနေနဲ့ အားကစားပွဲစဉ်တွေကို ပြန်လည်ကျင်းပနိုင်ဖို့အ တွက် လုပ်ဆောင်နေပေမယ့် စီးရီးစီတာဝန်ရှိသူတွေကတော့ လက်ကျန်လိဂ်ပွဲစဉ်တွေဆက်လက်ယှဉ်ပြိုင်ဖို့မဖြ စ်နိုင်တော့ဘူးလို့ သဘောတူဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။



“ ညှိနှိုင်းမှုတွေအဆင်ပြေခဲ့တယ်လို့ဆိုရမှာပါ။ ပူးပေါင်းပါဝင်တဲ့ အသင်းတစ်သင်းစီကို အသိအမှတ်ပြုပါတယ်။ လက်ကျန်ပွဲစဉ်တွေဆက်ကစားဖို့ လုံးမဝမဖြစ်နို်င်တော့ပါဘူး။ လာမယ့် ၂၀၂၀-၂၁ ရာသီသစ်အတွက် အကော င်းဆုံးပြင်ဆင်ကြဖို့ပဲ ရှိပါတော့တယ် ” လို့ လိဂ်ဥက္ကဋ္ဌဖရန်ဆက်စကို ဂီဟီရယ်လီကအတည်ပြုပြောဆိုလိုက်တာ ပါ။

အီတလီနိုင်ငံအတွင်း ပထမဦးဆုံးရောဂါကူးစက်ခံရတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားကို စီးရီးစီကလပ်ပီရာန က်စီအသင်းမှာ စတင်တွေ့ရှိခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာလည်း ကစားသမား၊အသင်းတာဝန်ရှိသူတွေအကြား စိုးရိမ်မှုတွေမြင့်တက်နေဆဲဖြစ်ပါတယ်။

သဘောတူဆုံးဖြတ်ချက်များအရ အမှတ်ပေးဇယားထိပ်ပိုင်းအသင်းတွေဖြစ်တဲ့ မွန်ဇာ၊ ဗီဆင်ဇာ၊ ရက်ဂျီးနားတို့ ကို တန်းတက်ဖို့ခွင့်ပြုခဲ့ပြီး အခြားအသင်းတစ်သင်းဖြစ်တဲ့ ကာပီအသင်းကိုလည်း တန်းတက်အသင်းအဖြစ်သ တ်မှတ်ပေးဖို့ရှိနေသလို တစ်ဖက်မှာတော့ တန်းဆင်းအသင်းအတွက် သတ်မှတ်ပေးခြင်းမရှိတဲ့အတွက် တန်း ဆင်းအသင်းမရှိဘူးလို့လည်း သိရပါတယ်။


Author

  • Win Kyaw Min

က္က