အမှတ်ပေးလိဂ်အပြင် ရှုံးထွက်ဖလားပွဲစဉ်တွေကိုပါ ကျင်းပဖို့ရှိနေတာပါ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ဥရောပတိုက်အတွင်းရှိ ဘောလုံးပွဲစဉ်အားလုံးရပ်ဆိုင်းထားရပေမယ့် ဥ ရောပအရှေ့ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဘီလာရုစ်နိုင်ငံမှာတော့အမှတ်ပေးပွဲတွေ ကျင်းပနေတာပါ။

ဥရောပနိုင်ငံအများစုတွင် ဘောလုံးပွဲစဉ်အားလုံးရပ်ဆိုင်းထားရပေမယ့် အမှတ်ပေးပြိုင်ပွဲကျင်းပဖို့ဆုံးဖြတ်ခဲ့ခြင်း အပေါ်ဘီဘာရုစ်ဘောလုံးအဖွဲ့ချုပ်က ပြန်လည်ဖြေရှင်းသွားခဲ့ပြီး ကြိုတင်ကာကွယ်မှုများနဲ့အတူ အန္တရာယ်မရှိနို င်တဲ့အခြေအနေတွေကြောင့် သတ်မှတ်ထားတဲ့အတိုင်း ကျင်းပခဲ့ခြင်းဖြစ်တယ်လို့ အတည်ပြုသတင်းထုတ်ပြန်ခဲ့ မှုကို thesun က ဖော်ပြလာပါတယ်။



ယူကရိန်း၊ ပိုလန်၊ လစ်သူယေးနီးယား၊ လက်ဗီးယား၊ ရုရှားနိုင်ငံတို့နဲ့ နယ်နိမိတ်ခြင်းထိစပ်နေပြီး ဥရောပတိုက် အရှေ့ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘီလာရုစ်နိုင်ငံရဲ့ အဆင့်မြင့်ဆုံးအမှတ်ပေးလိဂ်ပြိုင်ပွဲကို ယမန်နေ့ကစတင်ကျ င်းပခဲ့တာလည်းဖြစ်ပါတယ်။



“ လက်ရှိအခြေအနေမှာ ဘာလို့ကျင်းပတာလဲလို့ မေးလာမယ့်အခြေအနေအတွက်အဖြေရှိပါတယ်။ ရှင်းရှင်းလေးပါ။ စိုးရိမ်စရာမရှိလို့ ကျင်းပတာပါ။ တိကျတဲ့စည်းကမ်းတွေအပေါ် လိုက်နာမှုအပြည့်ရှိတဲ့ပရိသတ်တွေကြော င့် ပုံမှန်သတ်မှတ်ထားတဲ့ အချိန်အတိုင်း ရာသီသစ်ပွဲစဉ်တွေကို ကျင်းပနိုင်ခဲ့တာပါ ” လို့ဘီလာရုစ်ဘောလုံးအဖွဲ့ ချုုပ်ဥက္ကဋ္ဌ ဗလာဒီမာဘာဇာနော့ဗ်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ယမန်နေ့သတင်းထုတ်ပြန်မှုများအရ ဘီလာရုစ်နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၇၆ဦးအထိရှိခဲ့ပြီး သေဆုံးသူမရှိ သလို ပြန်လည်သက်သာလာသူများရှိနေခဲ့တဲ့အတွက် အစိုးရအာဏာပိုင်များအနေနဲ့ ဘီလာရုစ်အမှတ်ပေးပြိုင် ပွဲရာသီသစ်ကို ကျင်းပစေခဲ့တာဖြစ်တယ်လို့လည်း ဒေသခံမီဒီယာတွေက အခိုင်အမာဖော်ပြလျက်ရှိပါတယ်။

ပြိုင်ပွဲကျင်းပခြင်းနဲ့ပတ်သက်၍ ဘီလာရုစ်လက်ရွေးစင်ဟောင်းဖြစ်သူ အလက်ဇန္တားဟက်ဘ်က “ စိန်ခေါ်မှုတွေ ရှိတာကိုတော့ လက်ခံရမှာပါ။ ဥရောပတိုက်အတွင်း ပရိသတ်ပါဝင်တဲ့ ဘောလုံးပွဲတွေကို ဘီလာရုစ်နိုင်ငံမှာပဲ ရှိနေပါတယ် ” လို့လည်း ဆိုသွားခဲ့ပါသေးတယ်။

ဘီဘာရုစ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ၂၀၂၀ ဘောလုံးရာသီသစ်ရဲ့ ပွဲစဉ်-၁ကို သတ်မှတ်ထားတဲ့အတိုင်း မတ်လ ၁၉ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး ပရိသတ်အကြိုက်လူသိများအသင်းအချို့ရလဒ်ကောင်းရဖို့ရုန်းကန်ခဲ့ရပြီး ဒိုင် နမိုမင့်စ်ခ်၊ ဘိုရီဆော့ဗ်၊ အက်ဖ်အေဆလာဗီးယားတို့ကတော့ ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့ရပါတယ်။

အမှတ်ပေးလိဂ်အပြင် ရှုံးထွက်ဖလားပွဲစဉ်တွေကိုပါ ကျင်းပဖို့ရှိနေတာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က