၂၀၁၈-၁၉ ဘောလုံးရာသီ ချဲလ်ဆီးအသင်း၏တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိထားသူ ဟာဇက်အ နေနဲ့ ရီးရဲလ်အသင်းကိုပြောင်းရွှေ့ဖို့ရှိနေခဲ့တာပါ။
ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် သွင်းဂိုးနှစ်ဂိုးရရှိခဲ့ခြင်းနဲ့အတူ အကောင်းဆုံးကစားသမားဆုပါရရှိခဲ့တဲ့ ချဲလ်ဆီးတောင် ပံကစားသမားဟာဇက်အနေနဲ့ ရာသီသစ်တွင် အသင်းသစ်သို့ပြောင်းရွှေ့ဖွယ်ရှိနေခဲ့ကြောင်း၊ အသင်းကိုနှုတ်ဆ က်ခြင်းနဲ့အတူ စိန်ခေါ်မှုအသစ်တွေအတွက် အချိန်ရောက်လာပြီဖြစ်ကြောင်း ပွဲအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့ မှုကို BT Sport ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဟာဇက်အနေနဲ့ စပိန်ကလပ်ရီးရဲလ်အသင်းရဲ့ အကြိမ်ကြိမ်ကမ်းလှမ်းမှုကိုလက်ခံရရှိထားပြီး ပုဂ္ဂိုလ်ရေးသဘော တူညီမှုအချို့ရရှိထားခြင်းနဲ့အတူ ရာသီကုန်တွင် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖွယ်ရှိနေတယ်လို့ သတင်းထွက် ပေါ်နေခဲ့သူလည်း ဖြစ်ပါတယ်။
“ တစ်နှစ်တာပွဲစဉ်တွေအားလုံးပြီးဆုံးပြီဖြစ်လို့ နှုတ်ဆက်ရမယ့်အချိန်ရောက်လာခဲ့ပြီထင်ပါတယ်။ ဒါပေမဲ့ ဘော လုံးလောကမှာ ဘာမဆိုအတိအကျမပြောနိုင်ပါဘူး။ စိန်ခေါ်မှုအသစ်တွေအတွက် အချိန်တစ်ခုကျရောက်လာပြီ လို့ပဲ မြင်မိပါတယ် ” လို့ ဟာဇက်က ၎င်းရဲ့အနာဂတ်အခြေအနေနဲ့ပတ်သက်ပြီး ပွဲအပြီးတွင် ဝန်ခံခဲ့တာပါ။
စပိန်မီဒီယာတွေဖြစ်တဲ့ As.com၊ Marca.com တွေရဲ့ဖော်ပြချက်အရ ဟာဇက်အနေနဲ့ ရီးရဲလ်အသင်းသို့ပြောင်း ရွှေ့ကစားရန် ပေါင် ၁၁၅သန်းနဲ့သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ ဖော်ပြထားခဲ့တဲ့အတွက် ယူရိုပါလိဂ်ဗို လ်လုပွဲအပြီး အပြောင်းအရွှေ့အတည်ပြုချက် ထွက်ပေါ်လာဖွယ်ရှိနေတယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။