လာဇီယိုနဲ့ပွဲမှာ ဂိုးသွင်းစံချိန်သစ်နှစ်ခုရရှိခဲ့တာပါ။
Pyae Phyo Thein

ရော်နယ်ဒိုဟာ စီးရီးအေမှာ သွင်းဂိုး ၃ဝအထိရရှိခဲ့ပြီဖြစ်ကာ စုစုပေါင်း ၅၁ ဂိုးအထိ သွင်းယူထားပြီး သွင်းဂိုး ၅၀ ကို အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ 


ဂျူဗင်တပ်စ်က လာဇီယိုကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အနိုင်ဂိုးနှစ်ဂိုးသွင်းယူခဲ့ပြီးနောက် စံချိန်သစ်တွေတင်နိုင်ခဲ့တဲ့ ရော်နယ်ဒိုက အသင်းနိုင်ပွဲရဖို့သာ အရေးကြီးတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ စီးရီးအေမှာ သွင်းဂိုး ၃ဝအထိရရှိခဲ့ပြီဖြစ်ကာ စုစုပေါင်း ၅၁ ဂိုးအထိ သွင်းယူထားပြီး သွင်းဂိုး ၅၀ ကို အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ 

ဒါ့အပြင် ပရီးမိးယားလိဂ်၊ လာလီဂါ နဲ့ ပရီးမီးယားလိဂ်တို့မှာလည်း ဂိုးပေါင်း ၅ဝနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခြ့ပါတယ်။ အသင်းအတွက် ဆုဖလားရရှိဖို့ အရေးကြီးတဲ့ နိုင်ပွဲကို ပုံဖော်ပေးခဲ့ပြီးနောက် ရော်နယ်ဒိုက သူ့ရဲ့စံချိန်မှတ်တမ်းတွေထက် အသင်းနိုင်ပွဲက ပိုပြီးအရေးကြီးတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ 

"မှတ်တမ်းတွေကလည်း အမြဲတမ်းအရေးကြီးပါတယ်၊ ဒါပေမယ့်လည်း အသင်းနိုင်ပွဲရဖို့က ပိုပြီးအရေးကြီးပါတယ်၊ ကျွန်တော်တို့က အံ့မခန်းအသင်းတစ်သင်းဖြစ်ပြီး ဒီနေ့မှာလည်း ဒါကိုထပ်ပြနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အမြဲတမ်းတိုးတက်ဖို့အတွက် လိုအပ်နေပါသေးတယ်၊ နိုင်ပွဲရခဲ့လို့ ကြည်နူးမိပေမယ့် အသင်းအတွက် နိုင်ပွဲရဖို့ ဂိုးသွင်းနိုင်တာက ပိုပြီးတော့ကောင်းပါတယ်" လို့ ရော်နယ်ဒိုက Sky Italia ကို ပြောဆိုခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ စီးရီးအေရွှေဖိနပ်ဆုအတွက်လည်း လာဇီယိုတိုက်စစ်မှူးအီမိုဘီလီနဲ့ သွငး်ဂိုးချင်းတူညီကာ အပြိုင်ဖြစ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ရွှေဖိနပ်ဆုကို မရခဲ့တဲ့ ရော်နယ်ဒိုဟာ ၄နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် လိဂ်ဂိုး ၃ဝအထိ ရရှိခဲ့တာဖြစ်ပြီးတော့ လက်ကျန်လေးပွဲအထိ ကစားရဦးမှာဖြစ်လို့ အမှားခံလို့မရသေးဘူးလို့လည်း ရော်နယ်ဒိုက ထပ်မံပြောဆိုခဲ့ကြောင်း သိရပါတယ်။ 


Author


က္က