ပထမအကျော့ ရီးရဲအိမ်ကွင်းမှာကစားတုန်းက မန်စီးတီးက ၁-၂နဲ့ အနိုင်ရထားပါတယ်။
Kyaw Ko Ko Sint

ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက် ဒုတိယအကျော့အဖြစ် မန်စီးတီးအိမ်ကွင်းမှာ ဒီနေ့ညကစားမှာဖြစ်ပြီး ပထမအကျော့တုန်းက မန်စီးတီးက ၁-၂နဲ့ နိုင်ထားပါတယ်။

ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ထိပ်တိုက်တွေ့နေရတဲ့ ရီးရဲမက်ဒရစ်အသင်းထက် မိမိတို့ မန်စီးတီးအသင်းက ပိုကောင်းတယ်လို့ ကွင်းလယ်လူ ရီုဒရီက ဆိုပါတယ်။

BBC Sport သတင်းဌာနမှာ ဖော်ပြထားချက်အရ မန်စီးတီးအသင်းက ရီးရဲထက် ပိုကောင်းတယ်ဆိုတာ သက်သေပြဖို့ ရီးရဲကို ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့်ကနေ ထွက်အောင် လုပ်ပြမယ်လို့ ရိုဒရီက ဆိုပါတယ်။

“ခက်ခဲတဲ့အချိန်တွေကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပေမယ့်ဒါတွေကို ကျော်ြဖတ်ဖို့ လုံလောက်တဲ့ စွမ်းအားတွေ ကျွန် တော်တို့မှာ ရှိပါတယ်။ အခုရီးရဲနဲ့ ကစားမယ့် တစ်ပွဲတည်းမဟုတ်ပါဘူး၊ချန်ပီယံလိဂ်ဖလားကိုပါ ကျွန်တာ်တို့ ဆွတ်ခူး နိုင်ပါတယ်။ကျွန်တော်တို့က ရီးရဲထက် ပိုကောင်းပါတယ်။ဒါကို သက်သေပြဖို့လိုသေးပြီး ချန်ပီယံလိဂ် ၁၆သင်းအဆင့် မှာသူတို့ကို ထွက်ရအောင်လုပ်ပြီး သက်သေပြပါမယ်။”လို့ အသက် ၂၄နှစ်အရွယ် ကွင်းလယ် ကစားသမား ရိုဒရီက ဆိုပါတယ်။

ရိုဒရီကတော့ မန်စီးတီးအသင်းကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာမှ ပြောင်းရွှေ့ကြေး ပေါင် ၆၂သန်းနဲ့ အက်သလက်တီကိုအသင်းကနေ ရောက်ရှိလာသူပါ။

လက်ရှိမှာတော့ မန်စီးတီးအသင်းက ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ရီးရဲနဲ့ တစ်ကျော့ကစားထားပြီး အဝေးကွင်းမှာ ၁-၂နဲ့ အနိုင်ရထားပါတယ်။

 ဒီကနေ့ည မြန်မာစံတော်ချိန် စနေနံနက် ၁နာရီခွဲမှာ ကစားမယ့် ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ နောက်တစ်ဆင့်အတွက် အားသာနေပေမယ့် ကိုဗစ်ကြောင့် ပရိသတ်မပါပဲ ကစားရမယ့်အခြေအနေက ပရိသတ် အားသာမှုကို အခွင့်အရေး မယူနိုင်တော့ပါဘူး။

မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်မှ မရဖူးသေးပဲ ရီးရဲအသင်းကတော့ ချန်ပီယံလိဂ် ဆုဖ လားကို ၁၃ကြိမ်အထိ ကိုင်မြှောက်ဖူးပြီး အအောင်မြင်ဆုံးအသင်းလည်း ဖြစ်ပါတယ်။


Author


က္က