ရီးရဲလ်ကို ဝေဖန်ခဲ့လို့ ပြန်တုံ့ပြန်ခဲ့တာပါ။
Pyae Phyo Thein

ဆီဗီလာနဲ့ ကစားခဲ့တဲ့ပွဲအပြီးမှာတော့ ဘာစီလိုနာနောက်ခံလူပီကေးက ရီးရဲလ်မက်ဒရစ်ကိုရည်ရွယ်ကာ ကွင်းလယ်ဒိုင်လူကြီးတွေနဲ့ VAR နည်းပညာပိုင်းဆုံးဖြတ်ချက်တွေအပေါ်ကို ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။


မာယော့ကာကို အနိုင်ယူပြီး လာလီဂါအမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ရာမို့စ်က မဟာပြိုင်ဘက်ကြီးဘာစီလိုနာအသင်းနဲ့ နောက်ခံလူပီကေးတို့ကို သတိပေးစကားတွေပြောဆိုသွားခဲ့ပါတယ်။ စိတ်ကူးယဉ်နေတာတွေကို မလုပ်သင့်တော့ဘူးလို့ ရာမို့စ်က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်းမှာ မာယော့ကာကို ၂-၀ နဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး ရာမို့စ်က ဖရီးကစ်ကတဆင့် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ရီးရဲလ်ဟာ ပြီးခဲ့တဲ့သောကြာနေ့က ဆီဗီလာကိုသရေကျခဲ့တဲ့ ဘာစီလိုနာရဲ့ ရလဒ်တိမ်းစောင်းမှုကို အခွင့်အရေးရယူခဲ့ပြီး ရမှတ်တူအနေအထားကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

ဆီဗီလာနဲ့ ကစားခဲ့တဲ့ပွဲအပြီးမှာတော့ ဘာစီလိုနာနောက်ခံလူပီကေးက ရီးရဲလ်မက်ဒရစ်ကိုရည်ရွယ်ကာ ကွင်းလယ်ဒိုင်လူကြီးတွေနဲ့ VAR နည်းပညာပိုင်းဆုံးဖြတ်ချက်တွေအပေါ်ကို ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ မျက်နှာသာပေးခံနေရတယ်လို့ ပီကေးက ဆိုလိုခဲ့တာဖြစ်ပြီး ရာမို့စ်က အဆိုပါပြောဆိုမှုတွေကို ပြန်လည်တုံ့ပြန်ခဲ့တာလည်းဖြ်စပါတယ်။ 

"မီဒီယာတွေမှာလည်း အသံတွေက အရမ်းဆူညံနေပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က နောက်တစ်ကြိမ်ဦးဆောင်နိုင်ခဲ့လို့လေ၊ အဲဒီအရင်တုန်းကတော့ ဘာသံမှမထွက်ခဲ့ဘူးဗျ၊ အခုတော့ VAR အကြောင်းပါပြောလာကြပြီ၊ ကျွန်တော့်အထင်တော့ ဒီတစ်ရာသီလုံးမှာ ဘယ်သူမှအားသာချက်မရှိခဲ့ပါဘူး၊ ဒီဆူဆူညံညံပြောဆိုနေတာတွေကိုလည်း အာရုံစိုက်နေမှာမဟုတ်ပါဘူး"

"ဒိုင်လူကြီးတွေက ကြိုတင်သတ်မှတ်ထားတဲ့ဆုံးဖြတ်ချက်တွေကိုပဲ ချမှတ်နေတယ်လို့ ကျွန်တော်မထင်ဘူး၊ လူတွေအနေနဲ့ စိတ်ကူးယဉ်နေတာတွေကို မလုပ်သင့်တော့ပါဘူး" လို့ ရာမို့စ်က Movistar ကို ပါးပါးနပ်နပ်နဲ့ ပြောဆိုသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ဆိုဆီဒက်နဲ့ကစားခဲ့တဲ့ပွဲမှာ ကွင်းလယ်ဒိုရဲ့ ဖေးမမှုတွေရရှိခဲ့တယ်လို့ ဝေဖန်ခံခဲ့ရပါသေးတယ်။ 


Author


က္က