ကစားသမားဘဝမှာ စင်ကာပူကလပ် ဂျုရောင်းအသင်းမှာကစားခဲ့ဖူးပါတယ်။
Ye Yint Htay

ဇွန်လ ၁၁ရက်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနဲ့ ခြေစမ်းပွဲကစားမယ့် စင်ကာပူလက်ရွေးစင်ဘောလုံးအသင်း နည်းပြသစ်အဖြစ် ဂျပန်လူမျိုးနည်းပြ တက်ဆူဒါယိုရှီဒါကို ခန့်အပ်လိုက်ကြောင်း စင်ကာပူဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

စင်ကာပူလက်ရွေးစင်ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ ၂၀၂၀ဆူဇူကီးဖလားပြိုင်ပွဲတွေအတွက် လက်ရွေးစင်နည်းပြသစ်တစ်ဦးကိုခန့်အပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ စင်ကာပူလက်ရွေးစင်ဘောလုံးအသင်းနည်းပြအဖြစ် ကစားသမားဟောင်း နာဇရီနာဆာက ယာယီတာဝန်ယူကိုင်တွယ်နေပါတယ်။ Straits Time ရဲ့ဖော်ပြချက်အရ ဂျပန်လူမျိုးနည်းပြ တက်ဆူဒါယိုရှီဒါကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။



ယိုရှီမာဟာ စင်ကာပူလက်ရွေးစင်နည်းပြချုပ်အဖြစ် ဇွန်လအတွင်းမှာစတင်တာဝန်ယူကိုင်တွယ်မှာဖြစ်ပြီး ပထမဆုံးနိုင်ငံတကာပွဲအဖြစ် ဇွန်လ ၁၁ရက်မှာကစားမယ့် မြန်မာအသင်းနဲ့ခြေစမ်းပွဲမှာ ကိုင်တွယ်မှာဖြစ်ပါတယ်။ စင်ကာပူလက်ရွေးစင်အသင်းဟာ ၂၀၁၈ ခုနှစ် ဧပြီလမှာ နည်းပြ ဆန်ဒရာမူသီ နုတ်ထွက်ပြီးကတည်းက နည်းပြသစ်မရှိသေးဘဲ မတ်လမှာ ကစားခဲ့တဲ့ Airmarine Cup လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ ယာယီနည်းပြ နာဇရီနာဆာက တာဝန်ယူခဲ့ပါတယ်။

အသက် ၄၄နှစ်အရွယ် ယိုရှီဒါဟာ စင်ကာပူဘောလုံးလောကနဲ့မစိမ်းပဲ ကစားသမားဘဝက ၂၀၀၂ဘောလုံးရာသီမှာ စင်ကာပူကလပ် ဂျုရောင်းအသင်းမှာကစားခဲ့ဖူးပါတယ်။ နည်းပြဘဝမှာတော့ ဂျေ-လိဂ်(၂)ကလပ်အသင်းတွေဖြစ်တဲ့ ကာရှီဝါရီဆို၊ ကျိုတိုပါပယ်ဆန်ဂါ၊ ကိုဖူအသင်းတွေကိုကိုင်တွယ်ခဲ့ဖူးကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က