လွန်ခဲ့တဲဲ့ ၄ နှစ်က ဖီးလ်ဂျုံးစ်ရဲ့ လုပ်ရပ်နဲ့ တူညီနေခဲ့တာပါ။

ဆလားဗီးယားကို သရေကျခဲ့တဲ့ပွဲမှာ ဟန်ချက်ပျက်သွားသည့်တိုင် ဘောလုံးကိုရရာဦိးခေါင်းနဲ့ မြက်ခင်းပြင်မှာ လျှောထိုးပြီး ကစားဖော် မက်ဆီထံ ရောက်အောင် ပေးပို့ပြီး အသင်းအတွက် ပေးဆပ်ခဲ့တာပါ။

ဆလားဗီးယားကို သရေကျခဲ့တဲ့ပွဲမှာ ဘာစီလိုနာ ကွင်းလယ်လူ ဗီဒယ်ရဲ့ ဘောလုံးပေးပို့မှုက အနည်းငယ် ရယ်ချင်စရာ ဖြစ်ခဲ့ပေမယ့် ဒီလို ပြုမူနိုင်ဖို့ မလွယ်ပါဘူး။




မြက်ခင်းပြင်ပေါ်လိမ့်နေတဲ့ ဘောလုံးကို ဦးခေါင်းနဲ့ ရှပ်တိုက်ပြီး ကစားဖော်ထံ ဘောလုံးပေးပို့ခဲ့တဲ့ ဗီဒယ်ရဲ့ ဘောလုံးပေးပို့မှုက မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဖီးလ်ဂျုံးပြုမူခဲ့တာနဲ့ တူညီနေခဲ့တယ်လို့လည်း ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်က တရားဝင်ဖော်ပြလာပါတယ်။

တဆက်တည်းမှာပဲ UEFAရဲ့ တရားတင် တွစ်တာလူမှုကွန်ရက်မှာ “ ဒီလိုပဲ လုပ်ဆောင်မှသာရတော့မှာ ဖြစ်ပြီး ဒီနေ့ရဲ့ အကောင်းဆုံး ပြကွက်လို့ဆိုပြီး “ Skill Of The Day ”လို့ တင်စားခေါ်ဝေါ်ခဲ့တာပါ။

ဗီဒယ်လိုပဲ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဖီးလ်ဂျုံးစ်လည်း အာဆင်နယ်တိုက်စစ် မှူး ဂီရော့ဒ်ကို လိုက်လံတားဆီးရင်း ရရာ ဦးခေါင်းနဲ့ ဖျက်ထုတ်ခဲ့ဖူးတာပါ။

အခုလို ဘောလုံးကို ကြုံရာဦိးခေါင်းနဲ့ လျှောထိုးဖျက်ထုတ်ခဲ့တဲ့ သူတို့ နှစ်ဦးစလုံးကတော့ အောင်မြင်စွာ ဘောလုံးကို အဆုံးသတ်နိုင်ခဲ့ကြပါတယ်။

Share

Loading Next Article...
က္က