ဥရောပနိုင်ငံအသင်းတွေသာ ပါဝင်ကစားတဲ့ ပြိုင်ပွဲအသစ်တစ်ခု ဖြစ်ပါတယ်။
Kyaw Ko Ko Sint

လာမယ့် စက်တင်ဘာလအတွင်းကစားဖို့ရှိနေတဲ့ နေးရှင်းလိဂ်ပွဲစဥ်အချို့ကို ကြားကွင်းတွေ အသုံးပြု ကစားစေမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလထဲမှာဆိုရင်တော့ အင်္ဂလန်အသင်းက ၅ရက်နဲ့ ၈ရက်နေ့တွေမှာ အိုက်စလန်၊ဒိန်းမတ်တို့နဲ့ ကစားဖို့ရှိ သလို စကော့တလန်၊မြောက်အိုင်ယာလန်နဲ့ ဝေးလ်အသင်းတို့ဟာလည်း အိမ်ကွင်းအဝေးကွင်း ကစားရဖို့ရှိနေကြ ပါတယ်။


အလားတူပဲ ချက်ရီပတ်ဗလစ်၊ရိုမေးနီးယားနဲ့ ဖင်လန်အသင်းတို့ဟာလည်း ကစားဖို့ ရှိနေကြတာပါ။ ဒါပေမယ့်လည်း အချို့သော နိုင်ငံတွေမှာ ကိုဗစ်ကြောင့် တားမြစ်ပိတ်ပင်မှုတွေ ဆက်တိုက်ပြုလုပ်ထားတာကြောင့် ယူအီးအက်ဖ်အေ က ပြိုင်ပွဲတွေ မဖျက်သိမ်းပဲ ဆက်လက်ကစားနိုင်စေဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အစည်းအဝေး ပြုလုပ်ဆုံးဖြတ် ခဲ့ပါတယ်။

ကြားကွင်းအသုံးပြုဖို့အတွက်လည်း ယူအီးအက်ဖ်အေက ပိုလန်၊ဟန်ဂေရီ၊ဂရိနဲ့ဆိုက်ပရက်စ်တို့ကို အကြောင်းကြား ထားပြီး ဆန္ဒရှိပါက လုပ်ဆောင်ခွင့်ပြုထားပါတယ်။

ပြိုင်ပွဲအားလုံးကိုတော့ ကွင်းပိတ်ကစားမှာ ဖြစ်ပြီး အသေးစိတ်ကိုတော့ လကုန်ပိုင်းလောက်မှာ ထပ်မံ ညှိနှိုင်းဆွေးနွေး မယ်လို့ သိရပါတယ်။

နေးရှင်းလိဂ်ပြိုင်ပွဲကတော့ ဥရောပနိုင်ငံအသင်းတွေ ပုံမှန် ခြေစမ်းပွဲအဖြစ် ကစားနေချိန်တွေမှာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်စေဖို့အတွက် အုပ်စုအလိုက် အသင်းတွေကို ဆီဒင်အဆင့်လိုက်ခွဲကာ ယှဥ်ပြိုင်စေတာ ဖြစ်ပြီး လက်ရှိ ချန်ပီယံက ပေါ်တူဂီအသင်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က