စမောလင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ပြန်ပြီးကစားလိုနေခဲ့တာပါ။

အကောင်းဆုံးခြေစွမ်းပြနေတဲ့ စမောလင်းနဲ့မန်စီနီတို့ရဲ့ စွမ်းဆောင်မှုပိုင်းက ရိုးမားအသင်း ခံစစ်ပိုင်းကို ပိုပြီးကောင်းမွန်စေခဲ့တာလည်းဖြစ်ပါတယ်။

ရိုးမားအသင်းရဲ့ အီတလီလူငယ်နောက်ခံလူ မန်စီနီက အငှားစာချုပ်နဲ့လာရောက်ကစားနေတဲ့ အသင်းဖော်စေ မာလင်းကို အပြီးသတ်စာချုပ်ချုပ်ဆိုခေါ်ယူဖို့ အသင်းတာဝန်ရှိသူတွေထံတောင်းဆိုခဲ့ပြီး ၀ါရင့်ကစားသမားဆီ ကနေ လေ့လာသင်ယူခွင့်ရရှိခဲ့တာက တကယ်ကိုအဖိုးမဖြတ်နိုင်တဲ့အခြေအနေပါလို့ ထုတ်ဖော်ပြောဆိုခဲ့မှုကို football italia က ဖော်ပြလာပါတယ်။

ယူနိုက်တက်အသင်းရဲ့ နောက်ခံလူဖြစ်သူ စမောလင်းဟာ နည်းပြသစ်ဆိုးလ်ရှားလက်ထက်မှာ ပုံမှန်ပွဲထွက်က စားခွင့်မရရှိခဲ့သဖြင့် အခုနှစ်ရာသီအစက ရိုးမားအသင်းဆီအငှားစာချုပ်နဲ့သွားရောက်ကစားနေခဲ့တာလည်းဖြစ် ပြီး ခြေစွမ်းပြကစားနိုင်မှုများကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပါ လျာထားခြင်းခံနေရသူလည်းဖြစ် ပါတယ်။



“ အသင်းအနေနဲ့ အမှားများစွာရှိခဲ့တယ်ဆိုတာလက်ခံပါတယ်။ ဒါပေမဲ့ ရာသီသိမ်းပွဲစဉ်တွေအားလုံးပြီးရင်တော့ အလိုရှိတဲ့နေရာတစ်ခုကို ရရှိမှာပါ။ သေချာတာတစ်ခုကတော့ စမောလင်းကြောင့်အသင်းရဲ့နောက်တန်းကပိုပြီး ယုံကြည်မှုရှိပါတယ်။ စီနီယာကစားသမားတစ်ဦးဖြစ်တဲ့အတွက််လည်း လေ့လာသင့်ယူခွင့်ရရှိခဲ့တာတွေအဖိုးမဖြ တ် နိုင်ခဲ့ပါဘူး” လို့ မန်စီနီက SkySports နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ ဖြေဆိုခဲ့တာပါ။

ရိုးမားအသင်းရဲ့နောက်တန်းမှာ စမောလင်း၊ မန်စီနီ၊ ကိုလာရော့ဗ်တို့က အဓိကပွဲထွက်ကစားသမားများအဖြစ် ပါဝင်ခွင့်ရရှိနေပြီး ၂၆ပွဲကစားပြီး ၃၅ဂိုးပဲပေးထားရတဲ့အခြေအနေက မနှစ်ကပေးဂိုး ၄၈အထိရှိခဲ့တဲ့ခံစစ်ထက်ပို ပြီးကျစ်လစ်ခိုင်မာနေခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအပြောင်းအရွှေ့သတင်းဖော်ပြချက်တွေအရ ယူနိုက်တက်အသင်းအနေနဲ့ စမောလင်းကို အငှားစာချုပ် ပြည့်ခဲ့တဲ့တိုင်း အသင်းကိုပြန်ခေါ်ဖို့အစီအစဉ်မရှိဘဲ ထွက်ခွာခွင့်ပြုဖို့ရှိနေတဲ့အတွက် လက်ရှိကစားနေတဲ့ရိုးမား အသင်းအပြင် အာဆင်နယ်အသင်းတို့ရဲ့ စိတ်ဝင်စားခြင်းခံနေရတယ်လို့ dailymail က အခိုင်အမာဖော်ပြထားခဲ့ ပါသေးတယ်။



က္က