ဒီကနေ့ညမှာ ကစားမှာပါ။
Kyaw Ko Ko Sint

ဒီကနေ့ညမှာ ကစားမှာ ဖြစ်ပြီး အေဂျက်ပရိသတ်တွေအနေနဲ့ ဂျူဗင်တပ်အသင်းနဲ့ ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ်တုန်းက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ မီးသတ်ပိုက်နဲ့ ဖြိုခွင်းရတဲ့အထိဖြစ်ခဲ့လို့ လန်ဒန်ရဲတွေကတော့ လုံခြုံရေး ကို တင်းကြပ်စွာ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

လန်ဒန်ရဲတပ်ဖွဲ့တွေကတော့ ဒီကနေ့ညမှာကစားမယ့် စပါးနဲ့အေဂျက်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပ-ကျော့ပွဲစဉ်မှာ နှစ်ဖက် ပရိသတ်တွေ ခိုက်ရန်မဖြစ်ပွဲစေဖို့ အခုကတည်းက လုံခြုံရေး တင်းကြပ်စွာ ဆောင် ရွက်နေပြီလို့ Daily Mail ကဖော်ပြပါတယ်။

အေဂျက်ပရိသတ်တွေအနေနဲ့ ပြီးခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ရဲ့ အဝေးကွင်းပွဲစဉ်မှာ ဆိုးသွမ်းသောင်းကျန်းမှုများရှိခဲ့လို့ မီးသတ်ပိုက်တွေနဲ့တောင် ဖြိုခွင်းခဲ့ရတာ ဖြစ်ပါတယ်။

“ ကွင်းတွင်းကွင်းပြင်မှာ ရဲတပ်ဖွဲ့အင်အား အလုံးအရင်းချထားပါတယ်၊ ရဲလုပ်ငန်းစဉ်အရ ဖရိုဖရဲဖြစ်စဉ်များနဲ့ ရုန်းရင်ဆန်ခတ်ဖြစ်စဉ်တွေကို ဖြိုခွင်းသွားမှာဖြစ်ပါတယ်။ရဲဌာနအနေနဲ့ စပါးအသင်းနဲ့ပူးပေါင်းပြီး ပရိသတ်တွေ ဘေးကင်းလုံခြုံစွာ ကွင်းအတွင်း ဝင်ရောက်အားပေးနိုင်ဖို့ အဓိကထား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ပျက်စီးစေနိုင်မယ့် အရာဝတ္ထုတွေကို ကွင်းအတွင်း သယ်ဆောင်ခွင့် ပြုသွားမှာမဟုတ်ပါဘူး။” လို့ လန်ဒန်ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်ထုတ်ထားတဲ့အကြောင်း Daily Mail က ပြောပါတယ်။


စပါးအသင်းနဲ့ အေဂျက်အသင်းတို့က ဒီနှစ် ချန်ပီယံလိဂ် ဆီမိးဖိုင်နယ်ကို နှစ်ပေါင်းများစွာကြာမှ တစ်ကျော့ပြန် လည်တက်လှမ်းလာနိုင်တာ ဖြစ်ပါတယ်။


Author


က္က