အာဆင်နယ်အကယ်ဒမီထွက်တစ်ယောက်ဖြစ်ပါတယ်။
Kyaw Ko Ko Sint

ဂနာဘရီက အာဆင်နယ် အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်တာနဲ့အညီ စပါးအသင်းဖက်ကို အရှုံးလှလှ ပေးနိုင်ချိန်မှာ ခါးသီး ဒါဘီပြိုင်ဖက် စိတ်ဓာတ်တွေ ပေါက်ကွဲထွက်ခဲ့တာကတော့ အာဆင်နယ် အသင်းပေါ်ထားတဲ့သူ့ရဲ့ သံယောဇဉ်ကို အသိအမှတ်ပြုရမှာပါပဲ။

ဘိုင်ယန်မြူးနစ်အသင်းက စပါးအသင်းကို ၇-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဂနာဘရီတစ်ဦး တည်းက ၄ ဂိုးသွင်းယူခဲ့ပါတယ်။



စပါးအသင်းရဲ့ အိမ်ကွင်းမှာ ကစးခဲ့တဲ့ ဒီပွဲစဉ်က ဂနာဘရီအတွက် အင်မတန် တောက်ပခဲ့တဲ့ပွဲလို့ ဆိုရမှာ ဖြစ်ပြီး ဒီလို တစ်ဦးတည်း ၄ ဂိုးထိသွင်းနိုင်ခဲ့တာဆိုရင် ချန်ပီယံလိဂ် တစ်ပွဲတည်း ၄ ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် ဂျာမနီ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဂနာဘရီက သူ့ရဲ့ လူမှုစာမျက်နှာကထက်ကနေ မြောက်လန်ဒန်ဆိုတာ အနီရောင်ပဲ ရှိတယ်ဆိုတဲ့ အင်္ဂလိပ်စာတန်းကို ရေးသာားတင်ခဲ့ပါတယ်လို့ Sportskeeda ရဲ့ ဖော်ပြချက်အရ သိရပါတယ်။



ဒီလိုရေးရခြင်းကတော့ ဂနာဘရီက အာဆင်နယ်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ခါးသီးပြိုင်ဖက် စပါးအသင်းဖက်ကို ဂိုးသွင်းယူနိုုင်ချိန်မှာတော့ အခုလို ပြုမူလိုက်တာပဲ ဖြစ်ပါတယ်။

Sky Sportနဲ့ တွေ့ဆုံခဲ့တဲ့အင်တာဗျူးတစ်ခုမှာလည်း - “ ဒီစာကို ရေးတင်ဖို့ အင်မတန်ကိုယ့်ကိုယ်ကို တွန်းအား ပေးခဲ့ရပါတယ်။ဒီရလဒ်ကြောင့် ကျွန်တော် အရမ်းပျော်ပါတယ်။ကိုယ်တိုင်လည်း ၄ ဂိုးသွင်းနိုင်သလို ဒီနိုင်ပွဲ ကြောင့် အာဆင်နယ်ပရိသတ်တွေ ပျော်ရွှင်နေလိမ့်မယ်လို့ ကျွန်တော် စိတ်ထဲ ထင်မိပါတယ်။” လို့ ဂနာဘရီက ပြောခဲ့ပါတယ်။

ဂနာဘရီကတော့ ၂၀၁၁-၁၂ မှာ အာဆင်နယ် လူငယ်အသင်းမှာကစားခဲ့ပြီး ၂၀၁၂ကနေ ၁၆ အထိ အာဆင်နယ် အသင်းကြီးမှာ ကစားခဲ့ပါတယ်။

စုစုပေါင်း ၁၀ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကိုတော့ ၂၀၁၇ မှာ ရောက်ရှိခဲ့သူ ဖြစ်ပြီး လက်ရှိမှာအသက် ၂၄ သာ ရှိနေပါသေးတယ်။


Author


က္က