ဦးဆောင်ပြီးကာမှ သရေနဲ့ကျေနပ်ခဲ့ရတာပါ။

၂-၀ နဲ့ ဦးဆောင်ထားကာမှ ပွဲအပြီးမှာ ၂ ဂိုးပြန်ပေးရပြီး တစ်ဖက်၂ဂိုးစီသရေကျခဲ့တဲ့အပေါ် အာဆင်နယ်အသင်းနဲ့ပွဲတုန်းက အမှားတွေကို သင်ခန်းစာ မယူထားကြဘူးလို့အသင်းခေါင်းဆောင် ကိန်းက ငြီးတွားပြောဆိုလိုက်တာပါ။

စပါးကစားသမားတွေအနေနဲ့ မိမိတို့ အမှားကနေ သင်ခန်းစာယူပြီး အကောင်းဆုံး မလေ့လာနိုင်ကြဘူးလို့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက အိုလံပီယာကော့စ်ကို၂ဂိုးစီသရေပွဲအပြီးမှာ ငြီးတွားပြောဆို သွားတယ်လို့ BBC SPORTက ဖော်ပြလာပါတယ်။



၂-ဝနဲ့ ဦးဆောင်ပြီးကာမှ ပွဲအပြီးမှာ ၂-၂ ပြန်ဖြစ်သွားရတဲ့အပေါ်မှာ ကိန်းက အခုလို ပြောခဲ့တာလည်း ဖြစ်ပါတယ်။

“ဘာလို့ နည်းပြက စိတ်ပျက်လဲဆိုတာ မြင်နိုင်ပါတယ်၊ အခုဆိုသူ ဒီမှာတာဝန်ယူနေတာ ၅ နှစ်ရှိပါပြီ၊ ပထမဆုံးနှစ်ကအတိုင်းပဲ အမှားတွေ လုပ်လို့ကောင်းနေတုန်းပါပဲ။” လို့ ကိန်းက ပွဲအပြီးမှာပြောသွားတာပါ။

စပါးအသင်းအနေနဲ့ ပြီးခဲ့တဲ့ မြောက်လန်ဒန်ဒါဘီတုန်းကလည်း ၂-၀ နဲ့ဦးဆောင်ပြီးကာမှ ပွဲအပြီးမှာတော့ ၂ ဂိုးစီ သရေနဲ့ အဆုံးသတ်ခဲ့ရပြန်ပါတယ်။



“ ကျွန်တော်တို့ မငယ်တော့ပါဘူး၊ အတွေ့အကြုံမရှိတာလည်း မဟုတ်ပါဘူး၊ နိုင်ငံနဲ့ကလပ်အတွက် အားလုံး ပွဲကြီးပွဲကောင်းတွေ နွှဲဖူးသူတွေချည်းပါပဲ။အခုထက်ပိုတိုးတက်ပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ရဖို့ ရှာဖွေရပါမယ်။ဒါ အားလုံးလုပ်နိုင်တဲ့အရာပဲ။” လို့ ကိန်းက ဆက်လက်ပြောခဲ့ပါသေးတယ်။

နည်းပြ ပွန်ချက်တီနိုအနေနဲ့ ၂၀၁၄ ခုနှစ် မေလက စပါးကိုရောက်လာခဲ့ပြီး ချန်ပီယံလိဂ်မှာ အခုလို ရမှတ် ၂ မှတ် ဆုံးရှုံးလိုက်ရချိန်မှာတော့ - “ ရာသီအစမှာ အခွင့်အရေးတွေ အများကြီးပါ၊ ဂိုးသွင်းခွင့်တွေလည်း အများကြီးပါ။ ပြောင်းလဲဖို့တော့လိုပါပြီ။ လိုအပ်ချက်တွေကိုအရင်ဆုံးပြုပြင်ရပါမယ်။ ဒါမှ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်ပါမယ်။”လို့လည်း ပွန်ချက်တီနိုက ပြောခဲ့ပါသေးတယ်။

စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ၅ ပွဲကစား ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး ၈ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပေမယ့် ချန်ပီယံလိဂ်မှာတော့ ၁ ပွဲကစား ၁ ပွဲသရေကျပြီး အဆင့် ၂ မှာ ရပ်တည်နေပါတယ်။

Share

Loading Next Article...
က္က